တရုတ်-မြန်မာ သဘောတူညီချက် ထူးထူးခြားခြားမပါဝင်

တရုတ်-မြန်မာ သဘောတူညီချက်များ တွင် ထူးထူးခြားခြား ပါဝင်ခြင်းမရှိ

==============================

တပ်မတော် မှ ဂျက်တိုက်လေယာဉ်များက မြန်မာ လေကြောင်း ပိုက်နက် အတွင်း အသွားရော အပြန်ပါ ကြိုဆို ပို့‌ဆောင်နှုတ် ဆက်ခြင်းများ၊ နေပြည်တော် ရှိ လမ်းတလျောက် ပန်းများနဲ့ ဝေဝေဆာဆာ ကြိုဆိုခဲ့ခြင်းများ၊ ရန်ကုန် မြို့တော် ခမ်းမရှေ့ က ဆန္ဒပြပွဲ၊ ဖေစ်ဘုတ်ကနေ ရှီကျင်ဖျင့် ရဲ့အမည်ကို မြန်မာ မှ အင်္ဂလိပ်ဘာသာ ပြန်ဆိုတဲ့ အယ်ဂိုရီသမ်မှ Mr.Shithole လို့ မှားယွင်း ပြန်ဆိုမိတဲ့ အတွက် ဖေ့စ်ဘုတ်ကနေ တရားဝင် တောင်းပန်ခဲ့ရခြင်းများနဲ့ အတူ

တရုတ် သမ္မတ ရှီကျင်ဖျင့် ရဲ့ ‘သမိုင်းဝင်’ ခရီးစဉ်သည် စနေနေ့ နေ့လည် ၂:၄၅ တွင်အဆုံးသတ် သွားခဲ့ပြီ ဖြစ်ပါတယ်။

တရုတ် နှင့် မြန်မာ အကြား သဘောတူညီချက်ပေါင်း ၃၃ ခု လက်မှတ်ရေးထိုးခဲ့သော်လည်း အများ မျော်လင့်ထားသည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမကြီး

နှင့် သက်ဆိုင်သည်များက ဖြစ်နိုင်ခြေ လေ့လာမှု သဘောတူညီချက်များ လောက်နဲ့ အဆုံးသတ် သွားခဲ့ပါတယ်။

မြန်မာ အနေနဲ့ တရုတ် ရင်းနှီးမြုပ်နှံမှုများကိုအထူးသတိကြီးစွာ နဲ့ ကိုင်တွယ်နေတာ ထင်ရှားကြောင်း ရိုက်တာ သတင်းဌာန က ဆိုပါတယ်။

အဓိက လက်မှတ်ရေးထိုးခဲ့တာကတော့ ကျောက်ဖြူ ဆိပ်ကမ်းနဲ့ ရန်ကုန် မြို့သစ်စီမံကိန်းများသာ ရှိတာ တွေ့ရ့ပါတယ်။ မြစ်ဆုံ နဲ့ ပတ်သက်ပြီး မည်သို့မျှ ရည်ညွန်း

ဖေါ်ပြခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။

ရန်ကုန် ရှိ လေ့လာသူ ရစ်ချတ် ဟိုဆေးကတော့ no big bang လို့ ခပ်ရှင်းရှင်းပဲ မှတ်ချက် ပေးခဲ့ပါတယ်။

တရုတ်ဖက်က တော့ တဆင့်ပြီး တဆင့် တိုးတက်အောင် လုပ်ယူသွားမယ်လို့ ရည်မှန်းထားပုံ ရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယ အဖို့ကတော့ ဒေါ်လာ ၁.၃ ဘီလီယံတန်‌ကြေးရှိ ကျောက်ဖြူ ဆိပ်ကမ်း စီမံချက်အတွက် စိုးရိမ်မကင်း ဖြစ်နေကြောင်း အိန္ဒိယ

သတင်းစာတွေ မှာ ဖေါ်ပြထားပါတယ်။ အိန္ဒိယ အဖို့က သူနိုင်ငံ ပတ်ချာလည်တွင် သီရိလင်္ကာ ရှိ ဟမ်ဘမ်တိုတာ ဆိပ်ကမ်း၊ ပါကစ္စတန် ရှိ ဂွာဒါ ဆိပ်ကမ်းများနဲ့ တရုတ်က ဝိုင်းရံထားပြီး ဖြစ်နေလို့ပါပဲ။

တရုတ် သမ္မတကတော့ ညီရင်းအကို မောင်ရင်းနှမ စိတ်နဲ့ အခက်အခဲ ဟူသမျ အတူတကွ ရင်ဆိုင်ပြီး ဖေးမသွားမှု နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို အကောင်အထည် ဖေါ်နိုင်

မယ် လမ်းပြမြေပုံကို အနာဂတ်အတွက် ရေးဆွဲသွားမယ်လို့ ရွှန်းရွှန်းဝေအောင် ပြောသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ တရုတ်နိုင်ငံသည် နိုင်ငံတကာ အရေးအရာ များနှင့် ကမ္ဘာ စီးပွားရေး တွင် အရေးပါသော ကဏ္ဍ မှ ပါဝင်

နေတာကြောင့် ပတ်ဝန်းကျင် ပျက်စီးစေမယ့်အရေး ရှောင်ရှားပြီး ဒေသခံတွေ အကျိုးရှိမယ့် စီမံကိန်းများကို ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါဟာ မြန်မာတနိုင်ငံတည်းကို ရည်ရွယ်ပြောဆိုတာမျိုး မဟုတ်ပဲ ကမ္ဘာတဝှမ်းရှိ တရုတ်စီမံကိန်းများနဲ့ ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ထောက်ပြသွားတာ လည်း ဖြစ်ပါတယ်။

ဒါကို ကြည့်ရင် ငါတို့ နိုင်ငံငယ်လေးပဲ ဆိုပြီးသိမ်ငယ်စိတ် မျိုး သူမမှာ လုံးဝမရှိပဲ world class statesman တယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အတွေးအခေါ် အယူအဆ

ကနေ ထွက်ပေါ်လာတာမျိုး ပဲ ဖြစ်ပါတယ်။

နိုင်ငံရေး ပါတီ ခေါင်းဆောင်များကိုပါ တွေ့ဆုံခဲ့တယ် ဆိုပေမယ့် လက်ဆွဲနှုတ်ဆက်ယုံသက်သက်ပဲလို့ SNLD မှ ဦးစိုင်းကျော်ညွန်က ညည်းတွား သွားခဲ့ပါတယ်။

ရှီကျင်ဖင့်ရဲ့ ခရီးစဉ် မစတင်မီ တရုတ်နိုင်ငံထုတ် ဂလိုဘယ် တိုင်းမ် သတင်းစာကတော့ မြန်မာသည် အနောက်နိုင်ငံများနှင့် သွားရောက် ရောနှောခဲ့မိရာမှ နွံအိုင်ထဲ ကျသွား၍ တရုတ်နိုင်ငံက ဆွဲတင်ထားရခြင်း ဖြစ်တယ်လို့ ပြောင်ပြောင်တင်းတင်းပဲ ရေးသားလာပါတယ်

အနောက်နိုင်ငံတွေကို သွားရောက်ချည်းကပ်ရာမှ သူတို့တတွေရဲ့ လိုရင်တမျိုး မလိုရင်တမျိုး ဆက်ဆံပုံတွေကို မြန်မာမှ သိရှိသဘောပေါက်လာပြီး သံတမန် ရေး နဲ့ စီးပွားရေး အကူအညီ အတွက် တရုတ်ပြည်ဖက်ကိုပြန်လှည့်လာတာ ဖြစ်တယ်လို့လည်း ရေးသားခဲ့ပြန်ပါတယ်။

တရားဝင် ကြေငြာချက် ထုတ်ပြန်ရာမှာတော့’နိုင်ငံတကာ မျက်နှာစာတွင် မြန်မာမှ မှ မိမိ၏ရသင့်ရထိုက်သော အခွင့်အရေး၊ အကျိုးစီးပွား နှင့် နိုင်ငံ ဂုဏ်သိက္ခာကို ကာ

ကွယ်‌နိုင်ရေး ကြိုးပမ်းနေမှုများကို အခိုင်အမာ ထောက်ခံကြောင်း’ ဖေါ်ပြထားပါတယ်။

Hla Soewai

ညောင်လေးပင်မြို့တွင် ရဲအင်အား ၁၀၀ကျော်ဖြင့် လောင်းကစား‌ ပြုလုပ်သည်ဟု ဆိုသည့် နေရာ၂၀ ကို တစ်ပြိုင်တည်းဝင်‌ ရောက်ဖမ်းစီး ရာ ၂ ဦးဖမ်းစီးရမိ

ညောင်လေးပင်မြို့တွင် ရဲအင်အား ၁၀၀ကျော်ဖြင့် လောင်းကစား‌ ပြုလုပ်သည်ဟု ဆိုသည့် နေရာ၂၀ ကို တစ်ပြိုင်တည်းဝင်‌ ရောက်ဖမ်းစီး ရာ ၂ ဦးဖမ်းစီးရမိ

ညောင်လေးပင် ဇန်နဝါရီ ၁၇ ။

ပဲခူးခရိုင် ရဲတပ်ဖွဲ့မှ ဦးဆောင်၍ ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက ညောင်လေးပင်မြို့အတွင်းရှိ လောင်းကစား‌နေရာများအား ရဲအင်အား ၁၀၀ ကျော်ဖြင့် တစ်ပြိုင်တည်း ရှာဖွေဖမ်းစီးခဲ့ကြောင်း ညောင်လေးပင် မြို့မရဲစခန်းမှသိရသည်။

ထိုကဲ့သို့ရှာဖွေဖမ်းစီးရာတွင် ညောင်လေးပင်ရဲတပ်ဖွဲ့အပါ အခြား မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များပါပူးပေါင်း၍ စုစုပေါင်း အင်အား၁၀၀ ကျော်၊ အဖွဲ့ပေါင်း ၂၀ ကျော်ဖြင့် နေရာ ၂၀ ကျော်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်ရှာဖွေခြင်းဖြစ်‌ကြောင်း၊ နှစ်နေရာကနေ နှစ်လုံးထီလောင်းကစားလုပ်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ‌ကြောင်း ညောင်လေးပင်မြို့မရဲစခန်းမှူး ဒုရဲမှူးဌေးဝင်းက ပြောသည်။

ညောင်လေးပင်မြို့အတွင်း ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်ဝရမ်း တို့ဖြင့် အဖွဲ့ခွဲ ရှာဖွေကြရာ ဝေါမြို့နယ် ရဲတပ်ဖွဲ့ နှင့် ညောင်ခါးရှည်နယ်မြေရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ညောင်လေးပင်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ပါဝင်‌သော အဖွဲ့သည် သက်သေများနှင့်အတူ မြို့မ(၃)ရက်ကွက်၊ မြို့မဈေးအတွင်းမှ ငါးစိမ်းတန်းလမ်းအတွင်းရှိ ဆိုင်ခန်း၌ သန်းမင်းနိုင် (ခ) ကြွက်ကလေး အား လည်း‌ကောင်း၊ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့၊ ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ညောင်လေးပင်မြို့မရဲစခန်းမှ ဒုနယ်ထိန်း ခေါင်းဆောင် ပါဝင်‌သောအဖွဲ့သည် သက်သေများနှင့်အတူ မြို့မ (၅) ရပ်ကွက် တိုးချဲ့(၂)၊ (၇)လမ်းရှိ နေအိမ်၌ ဒေါ်ခိုင်ခိုင်စိုးအား လည်းကောင်း နှစ်လုံးထီဂဏန်းနှင့် ငွေတန်ဖိုးရေးသားထားသည့် ဘောင်ချာစာရွက်၊ နှလုံးထီဂဏန်းများ တွက်ချက်ထားသည့် စာရွက်၊

နှလုံးထီအတိတ်ပေး စက္ကူကဒ်၊ သုံးလက်စ ကာဗွန်ပိုင်း၊ ဘောပင် နှင့် ငွေစက္ကူ စသည်တို့ ရှာဖွေတွေ့ရှိရ၍ ၎င်းတို့အား မြို့မရဲစခန်းမှ (ပ)၁၃/၂၀၂၀ ၊ (ပ)၁၄/၂၀၂၀ လောင်းကစားဥပဒေပုဒ်မ ၁၈(က) / ၁၉(က)တို့ ဖြင့်အမှုဖွင့်လှစ်ထားရှိကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ညောင်လေးပင်မြို့အတွင်း ကြိုတင်သတင်းရရှိထားသည့် နှစ်လုံး၊ သုံးလုံး၊ ဘောလုံး စသည့် လောင်းကစား‌နေရာများအား ရှာဖွေဖမ်းဆီးခြင်း ဖြစ်ပြီး ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အခြားမြိုနယ်များမှ ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ နှင့် ရာအိမ်မှူးများလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)

#Bagoweeklyjournal

Via: Zin Moe

ကမ္ဘာနိုင်ငံရေးကစားကွက်ထဲက မြန်မာ

ကမ္ဘာနိုင်ငံရေးကစားကွက်ထဲက မြန်မာ

ICJ မှာ အမေစု သွားရင်ဆိုင်တုံးက ထူးခြား

ချက်တွေ အများကြီး ရှိခဲ့ပါတယ်

ဒီဆွေးနွေးချက်နဲ့ ပါတ်သက်တာ လေး ခုဘဲ

ရွေးချယ် သွားမှာပါ

*ပထမတချက်*က ၁၃. ၁၂ . ၂၀၁၉ ရက်

နယ်သာလန်မှာ အမေ့စု ကို သွားရောက်ဝန်းရံ

ကြတဲ့ မြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ

အမေ ပြောသွားတဲ့ စကားပါ

” လိုအပ်တဲ့ အချိန်မှာ အခုလို ဝန်းရံ ပေးကြတဲ့

အတွက် ကျေးဇူးတင်တယ် ” ဆိုတဲ့အပြင်

ကျေးဇူး ဆိုတဲ့ အဓိပ္ပါယ်ကိုပါ ပြောသွားခဲ့ပါတယ်

ကျေးဇူး ဆိုတဲ့စကားဟာ အမေစု ပြောခဲလွန်းတဲ့

စကားပါ ရင်ထဲက နှစ်နှစ်ကာကာ ပြောတာဆိုလို့

ဒီတကြိမ်ဘဲ ရှိမယ် လို့ ထင်ပါတယ်

အမေစု ဟာ အမှန်တရား သစ္စာသမားတယောက်

စိတ်ဓာတ်ခိုင်မာတဲ့သူ ယုံကြည်မှုလည်း အပြည့်

စံပြထိုက်သူတစ်ယောက်ဖြစ်ပါလျက်နဲ့

” လိုအပ်တဲ့ အချိန် ” လို့ သုံးသွားတာ စိတ်ပိုင်းဆိုင်

ရာ အင်အား နည်းသွားတယ်လို့ ယူဆမိပါတယ်

နှစ်ယောက်မရှိအောင် စိတ်ဓာတ် ခိုင်မာသူ

တယောက် စိတ်အင်အားနည်းသွားရလောက်အောင်

ရင်ဆိုင်ရတဲ့ အမှုက သိပ်ခက်လွန်းသလား လို့

မေးစရာ ဖြစ်လာတာပေါ့

တကယ်တမ်းရင်ဆိုင်ဖြေရှင်းတော့လည်း

တည်တည်ငြိမ်ငြိမ် လွယ်လွယ်ကူကူပါဘဲ

ဘာကများ သိပ်ကြောက်စရာ ကောင်းနေလဲ

နိုင်ငံအတော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့

သာမာန်အခြေအနေ တခုကို ပြစ်မှတ်ထား

ပြီး ရေးကြီးခွင်ကျယ် လုပ်လာတဲ့

ဂမ်ဘီယာနိုင်ငံရဲ့ စွတ်စွဲမှုနောက်မှာ

အင်အားကြီး နိုင်ငံတွေရဲ့ ကမ္ဘာ့စားခွက်လုနေတဲ့

ပြဿ နာကြီး ရှိနေတယ် ဆိုတာ သိနေခဲ့လို့ပါဘဲ

*****

*ဒုတိယ အချက်* အနေနဲ့ ၁၂ . ၁၂ . ၂၀၁၉ ရက်

ဂမ်ဘီဟာနိုင်ငံနဲ့ အတင်အခြေ လုပ်တဲ့နေ့က

ဦးသန့် အကြောင်းထည့်ပြောသွားတာပါ

စွတ်စွဲထားတဲ့ အချက်အလက်တွေနဲ့ ဦးသန့်

အကြောင်းက မသက်ဆိုင်ဘဲ ပါဝါ ထုတ်သုံး

ယုံ သက်သက် လုပ်ခဲ့သလား ?

ကလေးဆန်လွန်းနေတဲ့ အကွက်ကို အမေစု

လို ပုဂ္ဂိုလ်က သိက္ခာကျခံပြီး သုံးမှာ မဟုတ်ဘူး

သုံးခဲ့ရင်လည်း စွတ်စွဲချက်တွေကို ဘယ်လိုမှ

အထောက်အပံ့ မပြုနိုင်တာသေခြာတယ်

ဘာကြောင့်ထည့်ပြောသလည်းဆိုတာသိရအောင်

ဦးသန့် အကြောင်း အခြေခံလောက်

တော့ လေ့လာကြည့်ကြစို့

ကုလသမ္မဂအတွင်းရေး တာဝန်ကို မြန်မာပြည်က

ပန်းတနော်သား ဦးသန့် ထမ်းဆောင်နေတဲ့အချိန်

၁၉၇၄ ခုနှစ်လောက်မှာ ကျူ းဘားအရေးအခင်း

ဖြစ်ခဲ့တယ်

( ခုနှစ်သေခြာမမှတ်မိတဲ့အတွက် နားလည်ခွင့်

လွတ်ပေးစေလိုပါတယ်)

အမေရိကန် နဲ့ ဆိုဗီယက်ယူနီယံ(ရုရှ) တို့ စစ်

ရေးအရတင်းမာလာကြပြီး ဒုံးတွေနဲ့ ပြစ်ခတ်

တိုက်ခိုက်မဲ့ အခြေအနေမှာ ဦးသန့် ဝင်ရောက်

ဖြေရှင်းလို့ ပြေလည်ခဲ့ပါတယ်

တိုက်ခိုက်ဖြစ်ရင် အမေရိကန် အပါအဝင်

မိတ်ဖက်နိုင်ငံတွေနဲ့ ရုရှ အပါအဝင် မိတ်ဖက်

နိုင်ငံတွေပါ စစ်ပွဲမှာ ပါလာပြီး တတိယကမ္ဘာ

စစ် ဖြစ်ပြီဘဲ

ဒီအတွက် တကမ္ဘာလုံး စိုးရိမ်ပူပန်ခဲ့ရတဲ့ အပူ

မီးကို ဦးသန့် က ငြိမ်းသတ်ပေးနိုင်ခဲ့လို့

မသိသူမရှိသလောက် ဖြစ်ခဲ့ပါတယ်

Peace ဆိုတဲ့ စကားရပ်နဲ့ ☮️ အမှတ်အသား

ဟာ ဦးသန့် ကို ဂုဏ်ပြုခဲ့တဲ့ ကမ္ဘာ့မှတ်တမ်း

ဝင် သက်သေ တခုပါ

☮️အမှတ်အသားပါ တုတ်ချောင်းလေးနဲ့

ဖင်မှာ သုံးခု ခွဲထွက်ထားတာက ဒုံး ပုံသဏ္ဍန်

ဖြစ်ပြီး အဝိုင်းက တားဆီးကာကွယ်ခြင်း

ထိမ်းချုပ်လိုက်ခြင်း ဆိုတဲ့ သဘောပါ

ဦးသန့်အကြောင်း အမေစု ထည့်ပြောသွားတဲ့

ရည်ရွယ်ချက်က ဂမ်ဘီယာရဲ့စွတ်စွဲချက်အပေါ်

ရင်ဆိုင်ဖြေရှင်းနေရတာဟာ

အကြောင်းပြချက် သက်သက်ဖြစ်တယ်

ဒါကို သဘောမပေါက်ဘဲ ဆုံးဖြတ်ချက်

မှားယွင်းခဲ့ရင် တတိယကမ္ဘာစစ်ကြီး

ပေါ်ပေါက်လာနိုင်စရာ ရှိတယ် လို့ သတိပေး

လိုက်တာဘဲ ဖြစ်ပါတယ်

ဒါကြောင့်လည်း လျှောက်လဲချက်နဲ့ မတူတဲ့

အမှု ကို ပိတ်သိမ်းလိုက်ပါ ဆိုတဲ့အမိန့်ဆန်ဆန်

စကားကို ရဲရဲဝံ့ဝံ့ ပြောခဲ့တာဘဲ ဖြစ်ပါတယ်

အမေစု ပေးလိုက်တဲ့ massage ကို

တော်တော်များများနားမလည်ကြပေမဲ့

စောင့်ကြည့်နေတဲ့ သိန်းငှက်ကြီးအမေရိကန် နဲ့

လက်မည်းကြီး တရုပ်က ကောင်းကောင်း

သိကြပါတယ်

အလုပ်သဘောအရ ICJ က ကြားနာမှုအပေါ်

တရားစွဲဆိုသင့်/မသင့် ဆုံးဖြတ်ရမှာ ဖြစ်ပေမဲ့

တကယ် အလုပ် လုပ်ရမှာက အမေရိကန် နဲ့

တရုပ် ဘဲလို့ ပညာသားပါပါ ပြောသွားတာပါ

ဒါကြောင့်လည်း ICJ ရဲ့ ဆုံးဖြတ်ချက်က

အမေရိကန် နဲ့ တရုပ်ရဲ့ အနိုင်အရှုံ းသာဖြစ်တဲ့

အတွက် အဖြေ ဘယ်လိုထွက်ထွက်

” ပြည်သူနဲ့ အတူတူ ရင်ဆိုင်ကြမယ် ” ဆိုပြီး

အမေစု ပြောလာတာဟာ * တတိယမြောက်*

ထူးခြားတဲ့ စကားပါဘဲ

******

ဇန် ၃ ရက်မှာ အမေရိကန်က အီရန်စစ်ဦးစီးချုပ်

ကို ကွက်မျက်လိုက်တာ တကမ္ဘာလုံး ထိတ်လန့်

ပြီး တတိယ ကမ္ဘာစစ် ဖြစ်ပြီလားဆိုတဲ့ အသိနဲ့

စိုးရိမ်ကြရပြန်ပါတယ်

ဇန် ၄ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေးနေ့ကို

အကြောင်းပြပြီး မြန်မာနဲ့အတူ လက်တွဲမယ်ဆိုတဲ့

ကြေညာချက်ကို အမေရိကန်က ထုတ်ပြန်

လိုက်ပါတယ်

ဒီ ထုတ်ပြန်ချက်ဟာ တကယ်လိုအပ်နေတဲ့

ICJ ကြားနာမှု ရင်ဆိုင်နေချိန်မှာ မကြေညာဘဲ

အီရန် စစ်ဗိုလ်ချုပ်ကို ကွက်မျက်ပြီး နောက်

တရက်ဖြစ်တဲ့ လွတ်လပ်ရေးနေ့မှာမှ ကြေညာ

လိုက်တာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး

အင်အားကြီး နှစ်နိုင်ငံ အားပြိုင်မှုအတွက်

အချက်အလက်တွေ အများကြီး ရှိပေမဲ့

မြန်မာဟာ အရေးကြီး အချက်တခု ဖြစ်နေတယ်

ဆိုတာ ထောက်ပြလိုက်တာပါဘဲ

အီရန် စစ်ဦးစီးမှူ းကို ကွက်မျက်ပြီး

မြန်မာကို လက်တွဲမယ်ဆိုတဲ့ အမေရိကန်ရဲ့

လုပ်ရပ်က ပြိုင်ဖက် တရုပ်ကြီးရဲ့

အဓိက အားနည်းချက်တွေကို နင်းချေပြပြီး

နားရွက် တံတွေးဆွတ်ပြလိုက်တာပါ

တရုပ်ကြီးရဲ့ တုန့်ပြန်ချက်ကတော့ ထိမ်းထိမ်း

သိမ်းသိမ်း လုပ်ကြဖို့ ဆိုတဲ့စကားပါဘဲ

ဒီစကားရဲ့ အကျိုးကတော့ ကြိုးတန်းပေါ်

လမ်းလျောက်ပြတဲ့ ကန်သမ္မတ ထျန့်စ် ကို

ပလ္လင်ပေါ် တင်ပေးလိုက်သလို အမေရိကန်

တနိုင်ငံလုံးနဲ့ နိုင်ငံအတော်များများရဲ့

ထောက်ခံမှုကို ရလိုက်တာပါဘဲ

အီရန်အနေနဲ့ လက်တုန့်ပြန်မယ် လို့

ပြောပေမဲ့ ဒီဇင်ဘာ ၂၀၁၉ မှာ ပူးတွဲစစ်ရေး

လေ့ကျင့်မှုတွေ လုပ်ခဲ့ကြတဲ့ ရုရှကလည်း

တုတ်တုတ်မလှုပ် တရုပ်ကြီးကလည်း

လေသံပျော့နဲ့ ဖြစ်တာကြောင့် စစ်ကြီးဖြစ်လာ

စရာအကြောင်း မမြင်

ဒါနဲ့တင် ပွဲပြီးပြီလား ဆိုရင် မပြီသေးပါ

အထိနာသွားတဲ့ တရုပ်က အားကိုးအားထား

ပြုရမဲ့ အရေးကြီးဆုံး အချက်တွေကို အမြန်ဆုံး

အကောင်အထည်ဖော်ဖို့ ပြင်ဆင်ရပါတော့မယ်

ယခုလအတွင်း မြန်မာကို လာဖုိ့စီစဉ်တယ်

ဆိုတာ မြန်မာဟာ အရေးကြီးဆုံးအချက်တွေ

ထဲက ထိပ်ဆုံးမှာ ရှိနေတယ်ဆိုတာ

ထုတ်ဖော်ပြသလိုက်ခြင်းပါ

ကမ္ဘာ့အရေးမှာ မြန်မာကို ထည့်သွင်း

ကစားခဲ့တဲ့ နောက်ကွယ်က လက်မည်းကြီး

ဆိုတာလည်း ဘူးပေါ်သလို ထင်ရှားသွားပါပြီ

ရခိုင်အရေးဟာ တရုပ်အတွက် အကြီးမားဆုံး

မျော်လင့်ချက် ဖြစ်တာကို သိနေခဲ့တဲ့အတွက်

အမေစု က ” နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက်

ICJ ကို ကိုယ်တိုင်သွားရောက်ရင်ဆိုင်မည် ”

ဆိုတဲ့ ခေါင်းစဉ်ကို သုံးခဲ့တာပါ

ဒါက ထူးခြားတဲ့ * စတုတ္ထမြောက်အချက် * ပါ

အမေစု ICJ မှာ ရင်ဆိုင်ပြီး ပြန်လာတဲ့နေ့

ဒီ ၁၄ ၂၀၁၉ ညနေ ၄း၅၅ ချိန်မှာ တင်ခဲ့တဲ့

ကျနော့်ရဲ့ post မှာ

ICJ ရဲ့ အဆုံးအဖြတ် မထွက်သေးပေမဲ့

အမေ နိုင်ပြီလို့ ရေးတင်ခဲ့ပါတယ်

ဘာကြောင့် နိုင်ပြီ ပြောရသလည်း ဆိုတာ

ကြုံရင် ရေးတင်ပါ့မယ်ဆိုတဲ့ ကတိအတိုင်း

အခု post နဲ့ သက်သေပြလိုက်ပါတယ်

ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း

ကျယ်ပြန့်တာနဲ့အညီ အချက်အလက်အများကြီး

ရှိပေမဲ့ ကျနော့်ရဲ့ တင်ပြချက်မှာ မြန်မာနိုင်ငံနဲ့ ပတ်

သက်တာကိုသာ ဦးစားပေးထားတာဖြစ်တဲ့

အကြောင်း ဝန်ခံပါတယ်

အနှစ်ချုပ်ကို ပြောရရင်

တရုပ် အထိနာ သွားတာနဲ့အတူ

မြန်မာပြည်တွင်းရေး မှာ လိုသလို ကစားနေတဲ့

ပါဝါ ပါကျဆင်းသွားတာဖြစ်ပါတယ်

ဒါ့ကြောင့် မပြီးပြတ်သေးတဲ့ ခြေဥ ပြင်ဆင်ရေး

နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက်

ကောင်းသောအရွေ့တခုအဖြစ် မြင်မိပါတယ်

s ĵ t

ဇန် ၅ ၂၀၂၀ပြည့်

လေးလောင်းပြိုင်လူသတ်မှု မိပြီ



နေပြည်တော်၊ မေ ၁





တောင်ကြီးမြို့ (၄)လောင်းပြိုင်လူသတ်မှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ (၂)ရက်အတွင်း

ပြစ်မှုကျူးလွန်သူများနှင့် သက်သေခံပစ္စည်းများဖော်ထုတ်

နေပြည်တော်၊ မေ ၁

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာယာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ်(၁၁၈)နေ ဒေါ်အေးရွှေ ၇၀နှစ်၊ ရှမ်း/ဗုဒ္ဓ (မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင်)၊ (ဖ)ဦးအန်ပန်သည် ပင်လုံမြို့၊ ကမ္မဌာန်းကျောင်းတိုက် ဆွမ်းကပ်လှူပွဲသို့ သွားရောက်ပြီး ၂၈-၄-၂၀၁၉ ရက်နေ့ နံနက်ပိုင်း နေအိမ်သို့ ပြန်ရောက်စဉ် နေအိမ်အဝင်ပေါက် ကားဂိုဒေါင်အောက်တွင် သားမက်ဖြစ်သူ စိုင်းဆေမွန်(ခ)ဆေမွန်အား လည်းကောင်း၊ နေအိမ်အပေါ်ထပ် ယာဘက်အခန်းအတွင်း သမီးဖြစ်သူ မနန်းခမ်းလှိုင်နှင့် မြေးဖြစ်သူ စိုင်းဖဖ တို့အား လည်းကောင်း၊ ဝဲဘက်အခန်းအတွင်း၌ အိမ်ဖော် ဖြစ်သူ မအေးမိုးအား လည်းကောင်း၊ ပြင်ပဒဏ်ရာအသီးသီးဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး နေအိမ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ (၁၅)မျိုး၊ ငွေကျပ်သိန်း (၄၀)အပါအဝင် စုစုပေါင်းတန်ဖိုး ကျပ်(၁၅၅၇) သိန်းခန့် ပျောက်ဆုံးနေသဖြင့် ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်ကြား ခဲ့၍ တောင်ကြီးမြို့မရဲစခန်း (ပ)၇၉၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်နိုင်ရေး စိစစ်စုံစမ်း စစ်ဆေးခဲ့ရာ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ မသင်္ကာသူကို သတင်းကွင်းဆက် ရရှိပြီး အခင်းဖြစ်အရပ်၌ကျန်ရှိသည့် သဲလွန်စပစ္စည်းများနှင့်ဆက်စပ်အတည်ပြုဖော်ထုတ်ချက်အရ ၂၉-၄-၂၀၁၉ ရက်နေ့ နံနက် (၇)နာရီအချိန်တွင် တရားခံ တင်အုန်း(ခ)အိုက်အုံးအား ကျောက်မဲ မြို့နယ်၊ အထက်မြင်းကွင်းကျေးရွာရှိ ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ အစစ်ခံဖော်ထုတ် ချက်အရ အမှုမှ သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ (၁)ပိဿာနီးပါးခန့်နှင့် ငွေ(၇)သိန်း(၂)သောင်းကျပ် တို့ကို ၎င်း၏ နေအိမ်မှ ၁-၅-၂၀၁၉ ရက်နေ့တွင် အထူးအမှုစစ်အဖွဲ့မှ ရှာဖွေဖော်ထုတ်သိမ်းဆည်း နိုင်ခဲ့ပါသည်။

ကနဦးစစ်ကြောချက်အရ တရားခံ တင်အုန်း(ခ)အိုက်အုံးသည် မူးယစ်ဆေးဝါးစွဲနေသူ တစ်ဦး ဖြစ်ပြီး မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနှင့် မောင်နှမဝမ်းကွဲတော်စပ်ကြောင်း၊ ဒေါ်အေးရွှေ၏ ခင်ပွန်းမှာလည်း ကွယ်လွန်သွားပြီဖြစ်ပြီး ၎င်းတို့၏ဇနီးမောင်နှံမှာ သားသမီးထွန်းကားမှု မရှိဘဲ တင်အုန်း(ခ)အိုက်အုံး၏ ပထမအိမ်ထောင်နှင့်ရရှိထားသူ စိုင်းဝင်းမောင်အား မွေးစားထားခဲ့ ကြောင်း၊ လက်ရှိအချိန်တွင် စိုင်းဝင်းမောင်သည် အိမ်ထောင်ကျကာ အိမ်ခွဲ၍သီးခြားနေထိုင်ကြောင်း၊ ထို့ပြင် ဒေါ်အေးရွှေက ယခုသေဆုံးသူ မနန်းခမ်းလှိုင်ကိုလည်း လွန်ခဲ့သော နှစ်(၂၀)ကျော်ခန့်က သမီးအဖြစ် ထပ်မံမွေးစားခဲ့ကြောင်း၊ မနန်းခမ်းလှိုင်မှာ ဒေါ်အေးရွှေနှင့်အတူနေထိုင်ပြီး ဆေးတိုက် လုပ်ငန်းကိုလည်းကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသူဖြစ်သဖြင့် မွေးစားမိခင်နှင့်အတူ အနေနီးစပ်ကြောင်း သို့ဖြစ်၍ အမွေခွဲမှုများရှိလာပါက တရားခံ၏ သား အမွေအရနည်းမည်ကို စိုးရိမ်မှု၊ မိမိ၏ ငွေကြေး လိုအပ်မှုများကို အခြေခံကာ အခြားသူနှင့်အတူ ပူးပေါင်း၍ ၎င်းမှ အဓိကစီမံဦးဆောင်ကြိုးကိုင်ပြီး သေဆုံးသူ မိသားစုအား သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ကျန်တရားခံအား ဆက်လက်ဖမ်းဆီးရမိရေး၊ ကျန်ရှိသက်သေခံ ပစ္စည်းများထပ်မံသိမ်းဆည်းရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit: ရဲဇာနည် page

ဖုန်းဝယ်ယူသုံးစွဲသူများ အခွန်အထပ်ထပ်ဆောင်ရနိုင်သည့် ဖုန်းဝယ်လျှင် ကုန်သွယ်ခွန်တံဆိပ်ခေါင်းကပ်ရမည့် စနစ်အကြောင်း Unique မှ ဦးကျော်ဆန်းဦး ပြောပြတာလေး ကူးတင်ပေးလိုက်ပါတယ်

မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချတဲ့အခါမှာ ကုန်သွယ်ခွန် ပြေစာတံဆိပ်ခေါင်းကပ်ရမယ်လို့ ညွှန်ကြားချက်ထွက်လာလို့ မြို့နယ်အခွန်ရုံးက ခေါ်ယူရှင်းလင်းဆွေးနွေးပါတယ်

ညွှန်ကြားချက် လိုတိုရှင်းက –
👉 ပြေစာအပေါ်ကျသင့်ငွေရဲ့ ၅% ကို စာသုံးသူထံမှ ထပ်မံကောက်ခံပါ။ ပြေစာအပေါ် တံဆိပ်ခေါင်းကပ်ပါ။ ယခင်အကောင်အထည်ဖော်ခဲ့သည့် စားသောက်ဆိုင်၊ ဟိုတယ်၊ ရုပ်သံလွှင့်လုပ်ငန်း တို့နှင့် ဥပမာပေးပါတယ်

👉 အဆင့်ဆင့် လက်ပြောင်းလက်လွှဲရောင်းချမှု (တင်သွင်းဖြန့်ချီသူမှ လက်ကားသမား၊ လက်လီကြီးသမား၊ လက်လီအရောင်းဆိုင်ငယ်) လည်း ၅% ကပ်ရမည်။ 😳😳😳

👉 မိမိတို့ခန့်မှန်းရောင်းအားအပေါ် မူတည်၍ အခွန်တံဆိပ်ခေါင်းကို ကြိုတင်ထုတ်ပေးထားမည်။ (ဒါကတော့ လုပ်ငန်းရှင် ဝန်မပိအောင် ငွေပေးချေစရာမလိုဘဲ ကြိုထုတ်ပေးထားတာပါ) 👍

👉 ထပ်မံထုတ်ယူသည့်အခါ အသုံးပြုပြီးသည့် တံဆိပ်ခေါင်းတန်ဖိုးမှ ခုနှိမ်စရာ အထောက်အထားရှိပါက ခုနှိမ်ပေးမည်ဖြစ်သည်။ 👍

ဥပမာ –
ပထမအကြိမ် တံဆိပ်ခေါင်းကို ငွေပေးစရာမလိုပဲ ထုတ်ပေးထားမယ်။ ဥပမာ ၁၀ သိန်းဖိုး ထုတ်ပေးထားမယ်။

ဒုတိယအကြိမ် လာထုတ်ရင် ခုနှိမ်စရာရှိရင် ခုနှိမ်ပေးပြီး လိုတဲ့ပမာဏကို ငွေပေးချေရမယ်။ ဥပမာ ၁၀ သိန်းဖိုး ထုတ်ပြီး ၈ သိန်းဖိုး ခုနှိမ်စရာရှိရင် ၂ သိန်းငွေသားပေး၊ ၈ သိန်းချေဖို့ အထောက်အထားပေးရင် တံဆိပ်ခေါင်း ၁၀ သိန်းဖိုး ပြန်ထုတ်ပေးမယ်။

(ရုတ်တရက် ကြည့်ရင် အဆင်ပြေသလိုပါပဲ။ ဘယ်လိုကိစ္စမျိုးကို ခုနှိမ်ခွင့်ပေးမလဲဆိုတာ ညွှန်ကြားချက် အသေးစိတ် မထွက်သေးသည့်အတွက် မရှင်းပြသေးပါ။) 👎👎👎

⭐️⭐️⭐️ ပုံစံ ၃၁ နှင့် ခုနှိမ်ခွင့် မရနိုင်ဟုတော့ ပြောပါသည်။ 😢😢😢

================================
================================
👉👉👉 လက်ရှိသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းစနစ်အပေါ် သုံးသပ်ချက်

ခြုံငုံပြောရရင်တော့ အပေါ်ယံ အဆင်ပြေသယောင်ယောင်နဲ့ လက်လီရောင်းချသူနဲ့ စားသုံးသူ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုးဖြစ်လာစေမယ့်စနစ် အခွန်နှစ်ထပ်သာမက လက်ပြောင်းလက်လွှဲအဆင့်တိုင်းမှာ ကုန်သွယ်ခွန် ၅% တိုးလာစေမယ့်စနစ်လို့ပဲ မြင်မိပါတယ်။

ခြုံပြောရရင် ကပ်ရမယ့် တံဆိပ်ခေါင်းတန်ဖိုးအတွက် နိုင်ငံတော်ဘဏ္ဍာလေလွင့်တဲ့အပြင် ကုန်ဈေးနှုန်း ကြီးမြင့်ကာ အခွန်နှစ်ထပ်ပေးဆောင်ရမှုကို ဖြစ်စေပါတယ်။

ဘာကြောင့် ဒါမျိုးပြောရလဲဆိုတော့ –

ဦးစွာ မိုဘိုင်းဖုန်းနဲ့ ပတ်သက်တဲ့ အခွန်စနစ်ရဲ့ အလုပ်လုပ်ပုံလေး ရှင်းပြချင်ပါတယ်။

⭐️⭐️⭐️
မိုဘိုင်းဖုန်းပစ္စည်းများဟာ တင်သွင်းလာစဉ်က ဆိပ်ကမ်းရောက်တန်ဖိုးအပေါ် ကုန်သွယ်ခွန် ပေးဆောင်ပြီး ဖြစ်ပါသည်။ မိုဘိုင်းဖုန်းများရဲ့ သတ်မှတ် လက်လီရောင်းဈေးများဟာ ကုန်သွယ်ခွန်ပါဝင်ပြီးဈေးနှုန်း (Tax Inclusive) ဖြစ်ပါတယ်။

သုံးစွဲသူ ပြည်သူလူထုကို ရောင်းချတဲ့အခါမှာ နောက်ထပ် ၅% အပြည့်အဝထပ်မံကောက်ခံရတာမျိုး မဟုတ်ပါဘူး။ ရောင်းချဈေးနှင့် ဆိပ်ကမ်းရောက်တန်ဖိုး ကွာခြားချက် ထပ်တိုးတန်ဖိုး (စားရိတ်+ အခွန်+ အမြတ်) အပေါ်သာ ၅% ထပ်မံပေးဆောင်ရတာဖြစ်ပါတယ်။

ဥပမာ-
ဖုန်းတလုံးရဲ့

ဆိပ်ကမ်းရောက်တန်ဖိုး ၂၀၀,၀၀၀
အကောက်ခွန် ၅% ၁၀,၀၀၀
ကုန်သွယ်ခွန် ၅% ၁၀,၀၀၀
ကြိုတင် ဝင်ငွေခွန် ၂% ၄,၀၀၀
စုစုပေါင်း ၁၂% (တိတိကျကျဆိုလျှင် ၁၂% ကျော်ပါတယ်)

တင်သွင်းသူရဲ့ အရင်းငွေက ၂၂၄,၀၀၀

ဖြန့်ချီရေးဈေးနှုန်း ၂၃၅,၀၀၀
လက်လီရောင်းဈေး ၂၅၀,၀၀၀ ဆိုပါစို့။

အခွန်ပါပြီး လက်လီရောင်းဈေး ၂၅၀,၀၀၀ အပေါ်မှာ ကျသင့်မယ့် ကုန်သွယ်ခွန်က ၁၁,၉၀၄ ကျပ်ပါ။ (အခွန်ပါပြီးဈေးဖြစ်တဲ့အတွက် ရောင်းဈေးရဲ့ ၂၁ ပုံ ၁ ပုံပါ)

ယခင်ဆောင်ပြီးသား ကုန်သွယ်ခွန် ၁၀,၀၀၀ ကျပ်ကို ပြန်လည်ခုနှိမ်ပါက နောက်ထပ် ၁,၉၀၄ ကျပ်သာဆောင်ရမည် ဖြစ်ပါတယ်။ အဆိုပါ ကွာခြားချက်ကို ဖုန်းအရောင်းဆိုင်များမှ အခွန်ရှင်းလင်းရာမှာ အဆင့်ဆင့် ပေးဆောင်ကြပါတယ်။ အဆင့်ဆင့်အကြမ်းအမြတ်သည် ၁၁,၀၀၀ နှင့် ၁၅,၀၀၀ စုစုပေါင်း ၂၆,၀၀၀ ရှိသည့်အတွက် ၁,၉၀၄ ကျပ်ကို ဆောင်ပေးရတာ အဆင်ပြေပါတယ်။

⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️
💰 💰 💰 စားသုံးသူ ပြည်သူလူထု ဝယ်ယူရတဲ့ဈေးဟာ အခွန်ပါပြီးသားဈေးနှုန်း ဖြစ်ပါတယ်။ နောက်ထပ် ၅% ထပ်မံပေးဆောင်စရာ လုံးဝ မလိုအပ်ပါ 💰 💰 💰
⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️

သို့ပေမယ့် လက်ရှိ သိရသလောက်က
တံဆိပ်ခေါင်းထုတ်ယူချိန်မှာ ပုံစံ ၃၁ နဲ့ ခုနှိမ်ခွင့် မပေးထားဘူး။ ယခင်ဆောင်ရွက်နေကြပုံစံအတိုင်း တနှစ်စာ အခွန်ရှင်းမှ (နောင်တနှစ်ကျော်မှ) ပေးခုနှိမ်ပါမယ်။

ထို့အတွက်ကြောင့် လက်လီလုပ်ငန်းရှင်က ရောင်းရသလောက်ရဲ့ ၅% ကို တနှစ်ကျော် စိုက်ထားရမလို ဖြစ်နေတယ်။

လက်လီရောင်းချသူတွေအနေနဲ့လည်း အမြတ်အစွန်းက ၅% မရှိတဲ့အတွက် ရောင်းရငွေရဲ့ ၅% ကို တနှစ်ကျော်လောက် စိုက်ထားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

အဲ့တော့ ဖြစ်လာနိုင်တာက စားသုံးသူအပေါ်က နောက်ထပ် ၅% ထပ်မံကောက်ခံရမလို ဖြစ်လာပါတယ်။

😡😡😡😡😡😡😡😡😡😡😡😡😡😡😡
ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အများပြည်သူခံစားရမယ့်အပြင် အခွန်နှစ်ထပ်ပေးဆောင်ရတာမျိုး ဖြစ်လာပါတယ်။
😡😡😡😡😡😡😡😡😡😡😡😡😡😡😡

💰💰💰ဥပမာပေးထားတဲ့ လုပ်ငန်းတွေနဲ့က သဘောသဘာဝ မတူပါဘူး။

စားသောက်ဆိုင်တွေ ဟိုတယ်တွေက ရောင်းချတဲ့ အစားအသောက်တွေရဲ့ကုန်ကြမ်းပစ္စည်းအများစုဟာ ကုန်သွယ်ခွန်ပေးဆောင်ထာခြင်းမရှိပါဘူး။ ထိုအတူ နောက်ဆုံးအဆင့်စားသုံးသူကို တိုက်ရိုက်ရောင်းချခြင်းဖြစ်ပါတယ်။ တဆင့်ပြန်လည်ရောင်းချမှု မရှိပါ။ ဝန်ဆောင်မှု လုပ်ငန်းပါ။ ထို့အတွက်ကြောင့် ၅% ကုန်သွယ်ခွန်တံဆိပ်ခေါင်းကပ်ပြီး စားသုံးသူထံက လွယ်ကူစွာကောက်ခံလို့ရပါတယ်။

အလားတူပဲ ရုပ်မြင်သံကြားအစီအစဉ်ကြည့်ရှုမှုအတွက်ပေးချေရငွေကလဲ အဆင့်ဆင့်ရောင်းချတာမျိုး မရှိသလို ဝန်ဆောင်မှုအမျိုးအစား ဖြစ်တဲ့အတွက် စားသုံးသူထံက ၅% ထပ်ဆောင်းကောက်ခံရတာပါ။ ခုနှိမ်စရာ ယခင်ပေးချေပြီးသား ကုန်သွယ်ခွန်မရှိပါ။

မိုဘိုင်းဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေဟာ ပြည်ပမှ တင်သွင်းရတာဖြစ်ပြီး ခုနှိမ်စရာ ကုန်သွယ်ခွန်လဲ ရှိသလို အဆင့်ဆင့် လက်ပြောင်းလက်လွှဲရောင်းချသော ကုန်စည်ဖြစ်ပါတယ်။ ဝန်ဆောင်မှုလုပ်ငန်းမဟုတ်ပါဘူး။

🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾
တကယ်တမ်း သဘောသဘာဝတူတာက ပြည်ပကတင်သွင်းတဲ့ ဆေးလိပ်၊ အရက် တို့နဲ့ သဘောသဘာဝတူတာပါ။
🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾🍾

👉 ဘာကြောင့် ပြေစာတံဆိပ်ခေါင်း ကပ်စေချင်တာလဲ?
လိုရင်းပြောရင် ကုန်သွယ်ခွန်ပိုမိုရရှိလိုတာပါ။ အခွန်ရှောင်တိမ်းပြီး တင်သွင်းသူတွေကြောင့် နိုင်ငံတော်က ရသင့်တဲ့အခွန် မရရှိလို့လို့ ယူဆပါတယ်။

👉 ဒါဆို လုပ်နည်းလုပ်ဟန်မှန်ရဲ့လား
ပြေစာမှာ တံဆိပ်ခေါင်းကပ်ဖို့ စိုက်ထုတ်ရမှာ အလွန်အမင်း များပြားပါတယ်။ အခွန်ရုံးကလူတွေလဲ အလုပ်ပိုများတယ်။ လက်လီလုပ်ငန်းက လူတွေလဲ အလုပ်ပိုလာမယ်။ ဌာနအနေနဲ့ ရရှိတဲ့အခွန်ကနေ တံဆိပ်ခေါင်းကုန်ကျစားရိတ်တွေ အများကြီး (အလွန်များပြားသော ပြည်သူ့ဘဏ္ဍာပါ) သုံးစွဲရမယ်။ ၅၀ တန် တံဆိပ်ခေါင်းရဲ့ အရင်းဟာ တန်ဖိုးဘယ်လောက်ရှိလဲ စဉ်းစားကြည့်စေချင်ပါတယ်။

အခွန်ကို ပြန်လည်ခုနှိမ်ခွင့် ပေးမယ်ဆိုပေမယ့်လည်း လွယ်ကူရှင်းလင်းတဲ့ လုပ်ငန်းစဉ် မရှိတဲ့အတွက် စားသုံးသူအပေါ်က ထပ်မံကောက်ခံရမလိုဖြစ်နေတဲ့အတွက် ပြည်သူတွေ အခွန်နှစ်ထပ် ပေးဆောင်ရတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာစေပါတယ်။

=================================
👉👉👉 တောင်းဆိုချင်တာတွေက

ဦးစွာ ပြောချင်တာက ကုန်သွယ်ခွန် ၅% ပေးဆောင်ရမယ်ဆိုကို လက်ခံပါတယ်။ အခုပြောဆိုနေကြတယ်ဆိုတာ ဥပဒေဘောင်အတွင်းက တရားဝင်အခွန်ဆောင်ပြီး နေချင်ကြလို့ ပြောနေတာပါ။

မိုဘိုင်းဖုန်းနဲ့ သဘောသဘာဝတူတဲ့ အရက်လိုမျိုး တင်သွင်းလာချိန်မှာ ကုန်ပစ္စည်းအပေါ် အခွန်တံဆိပ်ခေါင်း ကပ်ပေးတာမျိုး လုပ်လို့ ရပါတယ်။

ပြေစာပေါ်မှာမှ ကပ်ချင်တယ်ဆိုရင်လဲ ပြေစာမှာကပ်ရမယ့် တံဆိပ်ခေါင်းထုတ်ယူချိန်မှာ ယခင်ဆောင်ပြီးသား ကုန်သွယ်ခွန်ကို ခုနှိမ်ဖို့ ရှင်းလင်းလွယ်ကူသော လုပ်ငန်းစဉ် ချမှတ်ပေးစေလိုပါတယ်။

သို့မဟုတ်ပါက နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ ထိုင်းရဲ့ VAT 7% ကောက်ခံပုံ၊ စင်္ကာပူရဲ့ GST 7% ကောက်ခံပုံတွေကို လေ့လာအတုယူစေချင်ပါတယ်။

👌👌👌👌👌👌👌👌👌👌👌👌👌👌👌
တကယ်တမ်းဆိုရင် အလုပ်တွေအများကြီး အရှုပ်ခံစရာကို မလိုအပ်တာပါ။ တရားမဝင်ကုန်စည်တင်သွင်းသူ လက်တဆုပ်စာ လူတစုကို (၁၀ ယောက်လောက်) ထိရောက်စွာ လွယ်လွယ်ကူကူ ကိုင်တွယ်လို့ရပါလျက်နဲ့ အချိန်တွေ၊ ငွေတွေ (တံဆိပ်ခေါင်းတန်ဖိုးက ဈေးကြီးပါတယ်) အများကြီး အကုန်ခံပြီး စာသုံးသူ ပြည်သူလူထုက အခွန်နှစ်ထပ် ဆောင်ရမလို ဖြစ်နေတယ်။
👌👌👌👌👌👌👌👌👌👌👌👌👌👌👌

ကျော်ဆန်းဦး (ယူနစ်)
၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်

#KSO_Notes

ဗိုလ်ချုပ်ကျော်ဝင်း(ငြိမ်း)အကြောင်း စစ်ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး ဖွင့်ချ ———————————————————————————— ဝင်းနိုင်သောင်း

ဗိုလ်​ချုပ်​​ကျော်​ဝင်း က ဦးသန်း​ရွှေ ရဲ့ ဝှက်​ဖဲတစ်​ချပ်​လို့  ​ဗေဒါကဆိုပါတယ်​ ယ​နေ့ ဗို​လ်​ချုပ်​​ကျော်​ဝင်း သူရထားတယ်​​မြေ​တွေ ထိုင်​​ရောင်းပြီ ​​အေး​ချမ်းစွာ​နေထိုင်​​နေပါတယ်​….သူရခဲ့တဲ့​မြေ​တွေဟာ ဒီတစ်​သက်​စားမကုန်​ သုံးမကုန်​နှိင်​တာ ဦးသန်း​ရွှေရဲ့ ဆုလာဒ်​​ပေလား

ဗိုလ်ချုပ်ကျော်ဝင်း(ငြိမ်း)အကြောင်း စစ်ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး ဖွင့်ချ
————————————————————————————
ဝင်းနိုင်သောင်း
BurmaDemocracy, 22 April 2019

“ကျွန်တော့်ကို ဗိုလ်ချုပ်မှုးကြီး ပြောခဲ့တာတွေက ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဗိုလ်ချုပ်မှုးကြီးရဲ့ဧည့်ခန်းမှာ ထိုင်ရင် တဦးတည်း ညာဖက်မှာ ထိုင်တယ် ။

ဘယ်ဖက်မှာ ဗိုလ်ချုပ်ကြီး မောင်အေး နဲ့  ဗိုလ်ချုပ်ကြီး ရွှေမန်း အပါအဝင် ဗိုလ်ချုပ်ကြီးတွေက ထိုင်တယ်။

ဘယ်ဖက်က ဗိုလ်ချုပ်ကြီးတွေ ပြောသမျှ ကန့်လန့် တိုက်တဲ့ သဘောမျိုး ဆက်ဆံတယ်။ ငါက ဝင်ဝင် ထိမ်းရတယ် ။ ကြာတော့ ငါလည်း ပင်ပန်းလာတယ်လို့  ပြောဖူးပါတယ်။

နောက်ပြီး ငါ တိုင်း တပ်မ တွေသွားရင်လည်း တပ် တွေက မင်းတို့  ထောက်လှမ်းရေး မကောင်းကြောင်းကိုဘဲ တိုင်တယ်။

နယ်ဖက် သွားရင်လည်း မင်းတို့  ထောက်လှမ်းရေး မကောင်း ကြောင်းကိုဘဲ တိုင်တယ် .။

အဲဒီတော့ ငါက ဝန်ကြီးချုပ်နဲ့  ထောက်လှမ်းရေးမှုး တွဲမယူပါနဲ့  လို ပြောတယ်။ မရဖူး။”

ဗိုလ်ချုပ်ကျော်ဝင်း(ငြိမ်း) 
ဒုတိယတပ်မတော် ထောက်လှမ်းရေးမှုးချုပ်
———————————————————
* ပုတ်သင်ဥ(၁)

ကျနော်အခုရေးမဲ့ကိစ္စတွေမှာ သာမာန်ကြည့်ရင်
ထောက်လှမ်းရေးတွေအချင်းချင်းချနေတယ်လို့
မြင်ကြမှာပါ။
အမှန်က ထောက်လှမ်းရေးမှာဒီလိုလူတွေ
မရှိသင့်ဘူးဗျ။

ကျနော်က ကကလှမ်းမှာ ဂျီတူး ဗိုလ်မှုးပါ။
ခင်ဗျားက ဒုတိယအကြီးအကဲတာဝန်ယူထားတဲ့
ဗိုလ်ချုပ်။အဆင့်ချင်း အသက်ချင်း အရမ်းကွာ
ပါတယ်လေ။

အမှန်ဆိုရင်လေးစားသင့်တာပေါ့။
အာဏာအရတာဝန်အရလေးစားသမှုပြု
သတင်းပို့တင်ပြခဲ့ရပေမဲ့
သြဇာအရတော့ကျနော်အထင်သေးတဲ့
အထဲမှာခင်ဗျားထိပ်ဆုံးကပါ။

ငယ်ကျိုးငယ်နာမဖော်တော့ဘူးလို့
တပ်မတော် သားစစ်စစ်တစ်ယောက်အနေနဲ့
တပ်မတော်ဘက်ကရေးနေတဲ့သူတစ်ယောက်အနေနဲ့
ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘဲ စွဲစွဲမြဲမြဲရေးနေသူ
တစ်ယောက်အနေနဲ့ ဆုံးဖြတ်ခဲ့တာအမှန်ပါ။

အခုချိန်မှာ ခင်ဗျားကအမှန် ကျုပ်တို့ကအမှား
ဗိုလ်ချုပ်ကြီးခင်ညွန့်က အမှား ခင်ဗျားကအမှန်
ဆိုတာကတော့ သဘာဝမကျပါဘူးလေ။
ဗိုလ်ချုပ်ကြီးနဲ့ကာရိုက်တာချင်းခင်ဗျား 
တကယ်ယှဉ်ရဲသလား။ထားပါတော့။

ကျုပ်က ဗိုလ်ချုပ်ကြီးရဲ့တပည့်ရင်းမဟုတ်ခဲ့ပါဘူး။
ကကလှမ်း သူ့လက်အောက်မှာတာဝန် 
ထမ်းဆောင်ခဲ့တဲ့သာမာန် တပ်ဖွဲ့ ဝင်တစ်ယောက်
ဗိုလ်ချုပ်ကြီးနဲ့ စကားတောင် တစ်ခါမှ မပြောဖူးသူ
တစ်ယောက်ဆိုတာ ခင်ဗျားလည်းသိမှာပါ။

ဒီနေ့ကစပြီးရေးပြီနော်။ 
ကျုပ်အကြောင်းလည်းခင်ဗျား ကြိုက်သလိုရေးပါ။
ခင်ဗျားအကြောင်းကျုပ်ရေးတာမှားရင် 
သိက္ခာကျတယ်ဆိုရင်တရားစွဲပါ။
ရင်ဆိုင်ဖို့အသင့်ပါ။

ပထမတစ်ချက်ပေါ့ဗျာ။ 
ဒေါ်စုနဲ့ခင်ဗျား အင်မတန်ရင်းနှီးသယောင်
နွေးထွေးတဲ့ရင်းနှီးမှုရှိခဲ့သယောင် ရေးသားခဲ့တာ
တွေက အတော်ရီစရာကောင်းပါတယ်။
ဘာတာဝန်မှမယူ ဘာမှမစီမံ ဘာမှ မဆွေးနွေးတဲ့
ခင်ဗျားကို သူကဘယ်လိုအထင်ကြီးမှာလဲ။

ဒီပဲယင်းကိစ္စအပြီး
ဒေါ်စုနဲ dialogue လုပ်တော့ပြည်ထဲရေးဝန်ကြီး
ဦးတင်လှိုင်။ ဒုညွှန် ဖြစ်တဲ့ ခင်ဗျားဗိုလ်ချုပ်ကျော်ဝင်း
ဗိုလ်မှုးချုပ်သန်းထွန်းတို့တွေ့ခဲ့ကြတယ်။ တွေ့တဲ့ပွဲတိုင်း
မှာ အသံ record ယူပါတယ်။ ယူနေစဉ်မှာ ကျုပ်တို့က
နားကြပ်နဲ့နားထောင်ခဲ့လို့ ပြောသမျှအကုန်ကြားနေရတာပါ။

dialogue မစခင်အလာပ သလာပ ပြောနေစဉ်
ခင်ဗျား ဓါတ်ပုံအကြောင်း ကျောက်မဲ လ္ဘက်ခြောက်
အကြောင်းတွေ ရှမ်းရှမ်းတောက်ပြောခဲ့ပေမဲ့
တကယ်ဆွေးနွေးတော့ တစ်လုံးမှ ဝင်မဆွေးနွေးတာ
မှတ်မိလား။ အဲ့လောက်ထိ ကြောက်ပြီးလည်ခဲ့တာ
လေ။ အဓိကက ကိုယ့် ကဇိပါတ်ပါမှာစိုးလို့မဟုတ်လား။

မှတ်မှတ်ရရ တစ်ရက်မှာ ဒေါ်စုကမေးပါတယ်။ 
ဗိုလ်ချုပ်ကျော်ဝင်းဒီကိစ္စ ဘယ်လိုထင်သလဲပေါ့။
ခင်ဗျားဘာမှပြန်မပြောလို့ ဒေါ်စုတင်းပြီး ဘာမှ
မဆွေးနွေး ဘာမှမပြောရင် ဒီမှာဘာလို့လာထိုင်
နေသလဲ။ ဒီဆွေးနွေးပွဲမှာ မပါပါနဲဆိုပြီး
ပြောတာတောင် အရှက်မရှိ ရယ်ကျဲကျဲနေခဲ့တာ
မှတ်မိလားဗျ။ ဒီလောက်တာဝန်မယူ တာဝန်မခံ
ရှောင်တတ်တဲ့ ခင်ဗျားကိုအထင်ကြီးနွေးထွေးတာ
ဟုတ်ပါ့မလားဗျာ။

ကျုပ်တို့တောင် လူပိုကြီးဆိုပြီး အတော် အထင်သေးခဲ့တာတော့ဒီချိန်မှာဝန်ခံပါရစေ။ လက်ရှိ ဒေါ်စုအာဏာရှိချိန် အမှတ်တရ မိသားစု ဆွမ်းကျွေးတွေမှာ သူနဲ့
ရင်းနှီးတဲ့ ထောက်လှမ်းရေးတွေကိုဖိတ်ပါတယ်။
ခင်ဗျားပါသလားလို့မေးရင် ဘယ်လိုဖြေမလဲ
သိချင်စမ်းပါ့ဗျာ။

အဲ့ဒါတာဝန်နဲ့ အဖွဲ့အစည်းအပေါ် 
တာဝန်ကျေသလို တစ်ဘက်သားကို
မနှိပ်ကွပ်ခဲ့ဘဲ လူသားဆန်ခဲ့ ကလိန်ကကျစ်
မကျခဲ့လို့ဘဲ ဆိုတာ စိတ်ပညာနဲ့ဘွဲ့ရခဲ့တဲ့
ခင်ဗျား သဘောပေါက်မှာပါနော်။

ဝင်းနိုင်သောင်း
၀၇ ၀၂ ၂၀၁၉။

https://www.facebook.com/100028675064760/posts/177441736554994?sfns=mo
———————————————————————
ပုတ်သင်ဥ -၂
**********
ကျနော့်ကိုဘာလို့ ဘာမှတန်ဘိုးမရှိ 
ဘာမှအထင်ကြီးစရာမရှိတဲ့ ဒီလူကြီးအကြောင်းကို
ရေးနေတာလဲ။

တချို့ကလည်း ကြားကဝင် ငြှောင့်မဲ့သူတွေ
ပျော်နေပါမယ်။ တစ်ပတ်စဉ်ထဲဆင်း
သူငယ်ချင်းအရင်းကြီးက ကျနော်နာသွားမှာဆိုးလို့
ဆက်မရေးပါနဲ့ဆိုပြီး ဖြောင်းဖြပါတယ်။

ကျနော်လည်းမရေးချင်ပါဘူး။ စိတ်ထဲအမှန်တိုင်း
ပြောရရင် ရေးရတာ တန်ကို မတန်ဘူးလို့ထင်ထား
တာပါ။

ဒါပေမဲ့ ထိုက်သင့်သလောက် သူ့အကြောင်းမရေးရင် 
မသိတဲ့သူတွေက ဝေဝါးဝါးနဲ့ အမှားကို အမှန်ထင် 
နေမဆိုးလို့ပါ။

အောက်မှာပါတဲ့သူ့စကားကိုသေချာဖတ်ကြည့်ပါ။
တစ်ရွာနဲ့တစ်ယောက်ဆိုတဲ့သဘော ပန်းမြိုင်လည်က
ဥယာဉ်မှုးထဲက ကျော်ဟိန်းလိုပေါ့။ ဟိုဟာက ရုပ်ရှင် ဇာတ်လမ်းထဲမှာမင်းသား နောက်ပိုင်းမှာဇာတ်ကို
ပြန်ဖြည်ပေးထားတယ်။ ဘာမှမဖြစ်ဘူး။
ဒီဟာက တစ်ဆုံးထည့်ထားတာ။

နောက်တစ်ချက်က လူကြီးတွေကို ထပ်သွေးခွဲပေးတာ
လို့မြင်တယ်။ မြန်မာတွေဟာ ခွင့်လွှတ်တတ်တဲ့စိတ် အခြေခံရှိတယ်။ ပြန်တည့်သွားရင်သူချွန်တွန်းခဲ့တာ
တွေ သူ့လုပ်ရပ်တွေပေါ်သွားပြီး သူဒုက္ခရောက်မှာ
စိုးလို့ ထပ်သွေးခွဲတာလို့မြင်တယ်။

ပြီးတော့ သေချာဖတ်ကြည့်ရင် ငါနဲ့မဆိုင်ဘူး။
လူကြီးတွေကြားမှာ သူဖာသာ သဟဇာတ
ဖြစ်အောင်မနေတာ သူကစ ကန့်လန့်တိုက်တာ
ဒါ့ကြောင့်ဖြစ်တာ

နောက်တစ်ချက်က ထောက်လှမ်းရေးတွေ 
မကောင်းလို့ဖြစ်တာ ငါနဲ့ဘာဆိုင်လဲဆိုပြီး
ရှင်းချင်တာ။ ကိုယ်တိုင်ထောက်လှမ်းရေးမှာ 
ဒုတိယတာဝန်အရှိဆုံးသူက ဒီလိုပြောသင့်သလား။
ကိုယ့်မှာရောထိမ်းဖို့တာဝန်မရှိတော့ဘူးလား။
ကိုယ်တိုင်ကရော စာရိတ္တကောင်းရဲ့လား။
တာဝန်အရှိဆုံးသူက ကြီးလေးတဲ့ နိုင်ငံ့တာဝန်
ထမ်းနေတဲ့အချိန် လက်အောက်ငယ်သားတွေကို
စည်းကမ်းတကျ တစ်ချက်လေးထိမ်းခဲ့ပါသလား။
ကိုယ်တိုင်က အသုံးချ ကိုယ်တိုင်စည်းကမ်း
ဖောက်ခဲ့တာတွေမရှိခဲ့ဘူးလား။ 
မေးရုံပဲမေးတာပါ။ ကိုယ်တိုင်ဖြေကြည့်ပေါ့ဗျာ။

ဒီချိန်မှာအမှန်တိုင်းဖွင့်ချတာပါလို့ဆိုမှာ
ဖြစ်တဲ့အတွက် ကျနော်ကလည်း ပိုမှန်သွားအောင်
အခြေနေမှန်ပိုသိသွားအောင် အခြေနေမှန်လေးတွေ
ဒါတွေကြောင့်ရေးဖြစ်တာလို့ဒီကနေအဖြေပေး
ပါတယ် မိတ်ဆွေများခင်ဗျာ။

လုပ်ငန်းတာဝန်နဲ့ပတ်သက်ပြီး သူအပြောခံရတာ
မှတ်မိတာတစ်ခုရှိတယ်။

မနေ့ကအဆက်လို့ပဲထားပါ။
ဒေါ်စုက ထပ်မေးတယ်။ နားထောင်ရုံ
သက်သက်လား တစ်ခြားတာဝန်ဘာရှိလဲဆိုတော့
ဒီလိုတော့လည်းမဟုတ်ပါဘူးကျနော်က 
သည်းခြေထုတ်ထားရလို့ အမှတ်သည်းခြေတော့
မရှိဘူးလို့ဆိုတယ်။

ဒေါ်စုက ဒါဆိုခုဘာလုပ်နေသလဲဆိုတော့
ကျနော်က ပန်းချီဆွဲတယ် ဓါတ်ပုံရိုက်တယ် 
တင်းနစ်ရိုက်တယ် အားရင် ဂေါက်ရိုက်တယ်ဆိုတော့
ဒေါ်စုက တိုင်းပြည်တွက်နစ်နာတာပေါ့။ဒီလောက်ရာထူးကြီးကြီး တပ်မတော်မှာပေးထားတာဆိုတော့ 
ဟဲဟဲကလွဲလို့ ဘာသံမှမထွက်တော့ဘူး။
ကျနော်တို့ကအသံသာကြားရတော့ မျက်နှာထား
ဘယ်လိုဖြစ်နေမလဲဆိုတာတော့ မမြင်လိုက်ရဘူး။
မြင်ချင်စမ်းလိုက်ပါဘိဗျာ။

ဝင်းနိုင်သောင်း
၀၈ ၀၃ ၂၀၁၉။

(U) Win Naing Thaung’s Facebook မှကူးယူဖော်ပြပါသည်

ဟိုးရှေးရှေးတုန်းက ရန်ကုန်မြို့ ဓါတ်ပုံလေးတွေ သိမ်းဆည်းထားလို့ရအောင် စုစည်း တင်ပေးလိုက်ပါတယ်နော်

အသားအရည်စိုပြေဖို့အတွက်

အသားအရေလေးတွေလှပစိုပြေနေစေဖို့ရာအိမ်မှာပဲအလွယ်တကူပြုလုပ်လို့ရမယ့်နည်းလမ်းလေးတွေကိုဝေမျှပေးမယ်လေ…

နေ့စဉ်နေဒဏ်၊လေဒဏ်နဲ့ဖုန်မှုန့်တွေကြောင့်မျက်နှာအသားအရေရဲ့အပေါ်ယံအလွှာမှာအညစ်အကြေးတွေကပ်နေတတ်တယ်လေ…

စိတ်မညစ်နဲ့တော့နော်.. နည်းလမ်းလေးပြောပြမယ်….

(၁) ပျားရည်လက်ဖက်စားဇွန်း(၁) ဇွန်း

(၂) သကြားညိုလေးလက်ဖက်စားဇွန်းတစ်ဝက်ခန့်

(၃) သံပုရာရည်လက်ဖက်စားဇွန်းတစ်ဝက်

(၄) သဘာဝသံလွင်ဆီလေးလက်ဖက်စားဇွန်း(၁)ဇွန်းနဲ့ရောပြီးမျက်နှာတစ်ဝိုက်ကိုညင်သာစွာနှိပ်နယ်လိမ်းပေးပြီး၁၅မိနစ်ခန့်ကြာအောင်ထားပေးပါ..

ရေအေးအေးလေးနဲ့ပြန်သစ်ပေးလိုက်တဲ့အခါဖြူဝင်းကြည်လင်တဲ့နဂိုအသားအရေလေးကိုပြန်လည်ပိုင်ဆိုင်နိုင်ပါပြီနော်…. 

ပြီးပြည့်စုံသောအလှတရားအတွက်FACE ART…. 😍

Deep Red colour အနီရင့်ရောင်ရှိဒေသတွေက အမျိုးတို့ရေ အပူဒဏ်ပြင်းပါသဖြင့် အရိပ်ထဲမှာပဲ နေကြရန် နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရှေးဦးသူနာပြုနည်းလေး မျှဝေလိုက်ပါတယ်

Deep Red colour အနီရင့်ရောင်ရှိဒေသတွေက အမျိုးတို့ရေ အပူဒဏ်ပြင်းပါသဖြင့် အရိပ်ထဲမှာ နေသင့်ပါတယ် ကျမ်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်းအား အရေးပေါ်ရှေးဦးပြုစုနည်းလေးပါ မျှဝေလိုက်ပါတယ်။

မွန်ပြည်နယ် စစစ ညွှန်မှူးအိမ်မှ ခိုးယူသွားသောပစ္စည်းများ ပြန်လည်ရရှိသော်လည်း တရားခံထွက်ပြေးနေ

ဧပြီလ ၁၈ ရက်နေ့ည မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များမှ မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံရပ်နေ ရဲမင်းပိုင် အသက် ၂၄ နှစ် ဆိုသူ၏ နေအိမ်တွင်း ၀င်ရောက်ရှာဖွေဖမ်းစီးစဉ် တရားခံက ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ခိုးယူဖေါက်ထွင်းထားသော ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများကို ရှာဖွေတွေ့ရှိသိမ်းစည်းရမိထားကြောင်းသိရသည်။

credit: hintha media