စင်ကာပူအိမ်အကူ အမျိုးသမီး တစ်သောင်းတန်အတုကိစ္စ ကွင်းလုံးကျွတ်လွတ်

စင်ကာပူနိုင်ငံမှာ အိမ်အကူအလုပ်ရာ ကနေ ပြန်လာစဉ် မြန်မာငွေ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးထားခြင်း ခံထားရသူ အမျိုးသမီးငယ်ကို ဧပြီ(၁၈)ရက်နေ့က ဒိုက်ဦးမြို့နယ်တရားရုံးက အမှုကို အပြီးအပြတ်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာမှာ နေထိုင်သူ နော်သောသွဲ့ထူးကို (၂၀၁၈)ခုနှစ် ဒီဇင်ဘာလ (၆) ရက်က ငွေစက္ကူ တစ်သောင်းတန်အတု (၁၅၄) ရွက် ကိုင်ဆောင် မှုကြောင့် ဒိုက်ဦးမြို့မ ရဲစခန်း(ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ /၁၀၆နဲ့ အမှုဖွင့် ဖမ်းဆီး အရေးယူခံရတာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး “ကျမတို့အနေနဲ့ လွန်ခဲ့တဲ့နာရီဝက်ကပဲ စွဲချက်မတင်ဘဲ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၁)အရ ဒီတရားခံကလေးမလေးမှာ အပြစ်မရှိကြောင်းပေါ်လွင်တဲ့အတွက် အမှုကနေ အပြီးအပြတ် လွှတ်လိုက်တယ်လို့” အကျိုးဆောင်ရှေ့နေဒေါ်အေးအေးမြင့်က အတည်ပြု ပြောဆိုခဲ့ပါတယ်။

နော်သောသွဲ့ထူးရဲ့အမှု အမှန်တရားအတိုင်းဖြစ်ပေါ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းသားရေးရာဝန်ကြီးနဲ့ ဥပဒေ ပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ဝန်းရံကူညီ အားပေးခဲ့ကြပါတယ်။
သတင်း — ဖြိုးကိုလင်း(ညောင်ဝိုင်း)

Leave a comment

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: