သင်္ကြန် အတက်နေ့က ပတလ ရဲစခန်းပိုင်
ကျွန်းတောအုပ်စုတွင် ပြသနာဖြစ်သွားသည်
………….
ဖြစ်စဉ်အကျဉ်းချုပ်ကတော့
သင်္ကြန် အတက်နေ့က
ကျွန်းတောအုပ်စု အုပ်ချုပ်ရေးမှူးမှ စခမထံ ဖုန်းဆက်
တိုင်ကြားသည်
ကျွန်းတောရွာနေ ဖိုးသဲဆိုသူသည် မူးယစ်ရမ်းကားပြီးသူ၏နေအိမ်ကို မီးနှင့် ရှို့ သဖြင့်ရပ်ရွာက
ဝိုင်း၍ငြိမ်းသပ်လိုက်ရသည်
ပတ်ဝန်းကျင်ကိုလဲ ဓားကိုင်ကြိမ်းမောင်းနေသည်

စခမ မှ တပ်ကြပ်ကြီးတစ်ဦး ဦးဆောင်သော အင်အား
၎ ဦးလွှတ်လိုက်သည်
ကျေးရွာ ဥက္ကဌ နှင့်ကျေးရွာလူကြီးများ အပါအဝင်
ရဲတပ်ဖွဲ့မှ အဖမ်းခံရန် ပြောသည်
အိမ်ရှေ့ တံခါးဖွင့်ပေးသော( တရားခံဖိုးသဲ၏ )ဇနီးကို
ဖိုးသဲမှ လည်ပင်းကို ကိုင်းခုတ်ဓားဖြင့် ၂ ချက်ခုတ်
ပစ်သည် နေရာတွင်ပင်သေဆုးံသည်

ကျေးရွာအုပ်ချုပ်ရေးမှူးမှ
စခမ ထံ ထပ်၍ဖုန်းဆက်တိုင်ကြားသောကြောင့်
စခမ ကိုယ်တိုင် ရဲအင်အား၆ဦး
ပတလမြို့ ရပ်ကွက်ကြီးများမှ အုပ်ချုပ်ရေးမှူးများ
လူမှုကူညီရေးအသင်းမှကားများအဖွဲ့ဝင်များ
ပတလမြို့ ဆေးရုံအုပ်ကြီးအပါအဝင်အင်အား
အပြည့်အစုံဖြင့် ကျွန်းတောရွာသို့သွားသည်
ရဲလုပ်ထုးံလုပ်နည်းများအတိုင်း အဖမ်းခံရန်
အော်ဟစ်အသိပေးသည်
“အဆင်သင့်ဘဲ သတ္တိရှိတဲ့ကောင် ဝင်လာခဲ့”ဟု
တရားခံမှ ဆိုသည်
စခမ မှ သေနပ် ၃ ချက်မိုးပေါ်ထောင်ဖောက်သည်
အဖမ်းခံရန် ဆက်အော်သည်
ကျေးရွာ အုပ်မှူးမှ တံခါး ဆောင့်ကန်ဝင်သည်
ဓားနှင်းဆီးခုတ်သည် ကံကောင်း၍လွတ်သည်
အုပ်မှူး နောက်အဆုတ် စခမှူး ဆက်ဝင်သည်
ဆီးခုတ်သည် ခါးအောက်ပိုင်း သေနပ်နှင့်တချက်ပစ်သည်
ပေါင်ကိုထိသည်
သွေးရှူးသွေးတန်းဖြင့် စခမ ထံ ဓားမြှောက်ပြီးဆက်ခုတ်ရန် ပြေးဝင်သည်
လူခြင်း တအားကပ်သွားပြီး
စခန်းမှူးအနေဖြင့် မိမိအသက်နှင့်တခြားသူတို့အသက်အန္တရာယ်ကိုကာကွယ်ရန် အခြားလမ်းရွေးစရာမရှိတော့
ခါးအောက်ကိုမှန်းပြီးနောက်တချက်ပစ်သည်
တရားခံဓားဖြင့်ခုတ်သူက ခါးကွေးပြီးကိုကိုင်း၍ခုတ်သည် ကိုဟန်အနေအထားပျက်သွားတော့
ရင်အုံမှန်သည်
ဖြစ်စဉ်နိဂုန်းချုပ်တော့
ဇနီးနေရာတွင် သေဆုးံသည်
တရားခံဖိုးသဲ သေနပ်ဒါဏ်ရာဖြင့် ဆေးရုံတွင်သေဆုးံသည်
………..
စခန်းမှူး စုံခုံစစ်ဆေးခံရတော့မည်
သတင်းအတိအကျရသည်
ကျနော်တို့ညီ kknw က စခမ ဘက်မှ ဝိုင်းရံကြဖို့
လိုင်းပေါ်မှာ နိုးဆော်သည်
ကျနော်တို့အဖွဲ့ ဖုန်းနဲ့ဆွေးနွေးကြပြီး မနက်ဖန်
ပတလ စခမ ကိုသွားရောက်ဝိုင်းရံကြမည်ဆုးံဖြတ်သည်
………..
၁.ပြည်မြို့နယ်တည်ငြိမ် သာယာရေးအဖွဲ့
ဥက္ကဌ.. .. ကျနော်
တွင်း\မှူး …. ကိုကျော်ဆန်း
၂.မြန်မာနိုင်ငံရဲပရဟိတ တွင်း\မှူး..ကိုမျိုးဆွေဦး
၃.မှုခင်းရှုထောင့်ပရဟိတ ဗဟိုအဖွဲ့ဝင်
… ဦးအောင်သန်းထွဋ်
…….ဦးကိုကိုနိုင်
၃ ဖွဲ့သွားရောက်ပြီး စခန်းမှူးနှင့်တွေ့ ဆုံ
ဖြစ်စဉ်များမေးကာ
ရာဇသတ်ကြီး အခန်း၎ ပုဒ်မ ၈၁ အရ ခုခံခွင့်
ဖမ်းဆည်းခွင့်ကို မိမိမှ စခမှူးအားထောက်ပြဆွေးနွေး
စခမ မှလဲ ဖေါ်ပြပါ ဝန်ထမ်းလုပ်ပိုင်ခွင့် ဥပဒေကို
စာအုပ်နှင့်တစ်ကွ ရှင်းပြဆွေးနွေးကာ
မိမိတို့လူမှုရေးအသင်းများက စခမှူးနဲ့အတူ ရပ်တည်ပါကြောင်း ဝန်းရံပါကြောင်း
မကြာမှီ statement များထုတ်ပြန်ကာ အများသိ
ကြေငြာမည်ဖြစ်ပါကြောင်း လိုအပ်ချက်များရှိပါက
ဆက်သွယ်ရန် မိမိဖုန်းနံပတ်ပေး
စခမ မှလဲ မိမိတို့ကူညီမှုအတွက်ဝမ်းသာအားရစွာသူ၏ ဖုန်းနံပတ်ပေး၍
ပြန်ခဲ့ကြသည်
…………
တရားဓမ္မအရ
လူတစ်ဦးသေဆုးံခြင်းအပေါ်ဝမ်းသာစရာမဟုတ်ပါ
သို့သော်လဲ လောကီတွင် ရဲတပ်ဖွဲ့ဝင်တို့၌
ထိုက်သင့်သော လုပ်ပိုင်ခွင့် ကာကွယ်ခွင့် ဖမ်းဆည်းခွင့်တို့မရှိခဲ့လျှင် မြန်မာပြည်ကြီး
တရားဥပဒေစိုးမိုးနိုင်ပါဦးမလား?
စခမ ကို အရေးယူလျှင်ဖြင့်
မိမိတို့လက်မခံ
တည်ဆဲဥပဒေများအရ တုန့်ပြန်ချေပ ကူညီရပါလိ့မ့်မည်
………
.
ကျနော်တို့အဖွဲ့ က တရားဥပဒေစိုးမိုးရေးကို ကူညီဖို့
ဖွဲ့ထားတာပါ ….
°°°°°°°°°
မကြာမီ statement ထုတ်ပြန်ပါမည်
credit: aye lwin khaung facebook