ဗိုလ်ချုပ်ကျော်ဝင်း က ဦးသန်းရွှေ ရဲ့ ဝှက်ဖဲတစ်ချပ်လို့  ဗေဒါကဆိုပါတယ် ယနေ့ ဗိုလ်ချုပ်ကျော်ဝင်း သူရထားတယ်မြေတွေ ထိုင်ရောင်းပြီ အေးချမ်းစွာနေထိုင်နေပါတယ်….သူရခဲ့တဲ့မြေတွေဟာ ဒီတစ်သက်စားမကုန် သုံးမကုန်နှိင်တာ ဦးသန်းရွှေရဲ့ ဆုလာဒ်ပေလား
ဗိုလ်ချုပ်ကျော်ဝင်း(ငြိမ်း)အကြောင်း စစ်ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး ဖွင့်ချ
————————————————————————————
ဝင်းနိုင်သောင်း
BurmaDemocracy, 22 April 2019
“ကျွန်တော့်ကို ဗိုလ်ချုပ်မှုးကြီး ပြောခဲ့တာတွေက ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဗိုလ်ချုပ်မှုးကြီးရဲ့ဧည့်ခန်းမှာ ထိုင်ရင် တဦးတည်း ညာဖက်မှာ ထိုင်တယ် ။
ဘယ်ဖက်မှာ ဗိုလ်ချုပ်ကြီး မောင်အေး နဲ့  ဗိုလ်ချုပ်ကြီး ရွှေမန်း အပါအဝင် ဗိုလ်ချုပ်ကြီးတွေက ထိုင်တယ်။
ဘယ်ဖက်က ဗိုလ်ချုပ်ကြီးတွေ ပြောသမျှ ကန့်လန့် တိုက်တဲ့ သဘောမျိုး ဆက်ဆံတယ်။ ငါက ဝင်ဝင် ထိမ်းရတယ် ။ ကြာတော့ ငါလည်း ပင်ပန်းလာတယ်လို့  ပြောဖူးပါတယ်။
နောက်ပြီး ငါ တိုင်း တပ်မ တွေသွားရင်လည်း တပ် တွေက မင်းတို့  ထောက်လှမ်းရေး မကောင်းကြောင်းကိုဘဲ တိုင်တယ်။
နယ်ဖက် သွားရင်လည်း မင်းတို့  ထောက်လှမ်းရေး မကောင်း ကြောင်းကိုဘဲ တိုင်တယ် .။
အဲဒီတော့ ငါက ဝန်ကြီးချုပ်နဲ့  ထောက်လှမ်းရေးမှုး တွဲမယူပါနဲ့  လို ပြောတယ်။ မရဖူး။”
ဗိုလ်ချုပ်ကျော်ဝင်း(ငြိမ်း)
ဒုတိယတပ်မတော် ထောက်လှမ်းရေးမှုးချုပ်
———————————————————
* ပုတ်သင်ဥ(၁)
ကျနော်အခုရေးမဲ့ကိစ္စတွေမှာ သာမာန်ကြည့်ရင်
ထောက်လှမ်းရေးတွေအချင်းချင်းချနေတယ်လို့
မြင်ကြမှာပါ။
အမှန်က ထောက်လှမ်းရေးမှာဒီလိုလူတွေ
မရှိသင့်ဘူးဗျ။
ကျနော်က ကကလှမ်းမှာ ဂျီတူး ဗိုလ်မှုးပါ။
ခင်ဗျားက ဒုတိယအကြီးအကဲတာဝန်ယူထားတဲ့
ဗိုလ်ချုပ်။အဆင့်ချင်း အသက်ချင်း အရမ်းကွာ
ပါတယ်လေ။
အမှန်ဆိုရင်လေးစားသင့်တာပေါ့။
အာဏာအရတာဝန်အရလေးစားသမှုပြု
သတင်းပို့တင်ပြခဲ့ရပေမဲ့
သြဇာအရတော့ကျနော်အထင်သေးတဲ့
အထဲမှာခင်ဗျားထိပ်ဆုံးကပါ။
ငယ်ကျိုးငယ်နာမဖော်တော့ဘူးလို့
တပ်မတော် သားစစ်စစ်တစ်ယောက်အနေနဲ့
တပ်မတော်ဘက်ကရေးနေတဲ့သူတစ်ယောက်အနေနဲ့
ဘယ်သူ့ကိုမှ မတိုက်ခိုက်ဘဲ စွဲစွဲမြဲမြဲရေးနေသူ
တစ်ယောက်အနေနဲ့ ဆုံးဖြတ်ခဲ့တာအမှန်ပါ။
အခုချိန်မှာ ခင်ဗျားကအမှန် ကျုပ်တို့ကအမှား
ဗိုလ်ချုပ်ကြီးခင်ညွန့်က အမှား ခင်ဗျားကအမှန်
ဆိုတာကတော့ သဘာဝမကျပါဘူးလေ။
ဗိုလ်ချုပ်ကြီးနဲ့ကာရိုက်တာချင်းခင်ဗျား
တကယ်ယှဉ်ရဲသလား။ထားပါတော့။
ကျုပ်က ဗိုလ်ချုပ်ကြီးရဲ့တပည့်ရင်းမဟုတ်ခဲ့ပါဘူး။
ကကလှမ်း သူ့လက်အောက်မှာတာဝန်
ထမ်းဆောင်ခဲ့တဲ့သာမာန် တပ်ဖွဲ့ ဝင်တစ်ယောက်
ဗိုလ်ချုပ်ကြီးနဲ့ စကားတောင် တစ်ခါမှ မပြောဖူးသူ
တစ်ယောက်ဆိုတာ ခင်ဗျားလည်းသိမှာပါ။
ဒီနေ့ကစပြီးရေးပြီနော်။
ကျုပ်အကြောင်းလည်းခင်ဗျား ကြိုက်သလိုရေးပါ။
ခင်ဗျားအကြောင်းကျုပ်ရေးတာမှားရင်
သိက္ခာကျတယ်ဆိုရင်တရားစွဲပါ။
ရင်ဆိုင်ဖို့အသင့်ပါ။
ပထမတစ်ချက်ပေါ့ဗျာ။
ဒေါ်စုနဲ့ခင်ဗျား အင်မတန်ရင်းနှီးသယောင်
နွေးထွေးတဲ့ရင်းနှီးမှုရှိခဲ့သယောင် ရေးသားခဲ့တာ
တွေက အတော်ရီစရာကောင်းပါတယ်။
ဘာတာဝန်မှမယူ ဘာမှမစီမံ ဘာမှ မဆွေးနွေးတဲ့
ခင်ဗျားကို သူကဘယ်လိုအထင်ကြီးမှာလဲ။
ဒီပဲယင်းကိစ္စအပြီး
ဒေါ်စုနဲ dialogue လုပ်တော့ပြည်ထဲရေးဝန်ကြီး
ဦးတင်လှိုင်။ ဒုညွှန် ဖြစ်တဲ့ ခင်ဗျားဗိုလ်ချုပ်ကျော်ဝင်း
ဗိုလ်မှုးချုပ်သန်းထွန်းတို့တွေ့ခဲ့ကြတယ်။ တွေ့တဲ့ပွဲတိုင်း
မှာ အသံ record ယူပါတယ်။ ယူနေစဉ်မှာ ကျုပ်တို့က
နားကြပ်နဲ့နားထောင်ခဲ့လို့ ပြောသမျှအကုန်ကြားနေရတာပါ။
dialogue မစခင်အလာပ သလာပ ပြောနေစဉ်
ခင်ဗျား ဓါတ်ပုံအကြောင်း ကျောက်မဲ လ္ဘက်ခြောက်
အကြောင်းတွေ ရှမ်းရှမ်းတောက်ပြောခဲ့ပေမဲ့
တကယ်ဆွေးနွေးတော့ တစ်လုံးမှ ဝင်မဆွေးနွေးတာ
မှတ်မိလား။ အဲ့လောက်ထိ ကြောက်ပြီးလည်ခဲ့တာ
လေ။ အဓိကက ကိုယ့် ကဇိပါတ်ပါမှာစိုးလို့မဟုတ်လား။
မှတ်မှတ်ရရ တစ်ရက်မှာ ဒေါ်စုကမေးပါတယ်။
ဗိုလ်ချုပ်ကျော်ဝင်းဒီကိစ္စ ဘယ်လိုထင်သလဲပေါ့။
ခင်ဗျားဘာမှပြန်မပြောလို့ ဒေါ်စုတင်းပြီး ဘာမှ
မဆွေးနွေး ဘာမှမပြောရင် ဒီမှာဘာလို့လာထိုင်
နေသလဲ။ ဒီဆွေးနွေးပွဲမှာ မပါပါနဲဆိုပြီး
ပြောတာတောင် အရှက်မရှိ ရယ်ကျဲကျဲနေခဲ့တာ
မှတ်မိလားဗျ။ ဒီလောက်တာဝန်မယူ တာဝန်မခံ
ရှောင်တတ်တဲ့ ခင်ဗျားကိုအထင်ကြီးနွေးထွေးတာ
ဟုတ်ပါ့မလားဗျာ။
ကျုပ်တို့တောင် လူပိုကြီးဆိုပြီး အတော် အထင်သေးခဲ့တာတော့ဒီချိန်မှာဝန်ခံပါရစေ။ လက်ရှိ ဒေါ်စုအာဏာရှိချိန် အမှတ်တရ မိသားစု ဆွမ်းကျွေးတွေမှာ သူနဲ့
ရင်းနှီးတဲ့ ထောက်လှမ်းရေးတွေကိုဖိတ်ပါတယ်။
ခင်ဗျားပါသလားလို့မေးရင် ဘယ်လိုဖြေမလဲ
သိချင်စမ်းပါ့ဗျာ။

အဲ့ဒါတာဝန်နဲ့ အဖွဲ့အစည်းအပေါ်
တာဝန်ကျေသလို တစ်ဘက်သားကို
မနှိပ်ကွပ်ခဲ့ဘဲ လူသားဆန်ခဲ့ ကလိန်ကကျစ်
မကျခဲ့လို့ဘဲ ဆိုတာ စိတ်ပညာနဲ့ဘွဲ့ရခဲ့တဲ့
ခင်ဗျား သဘောပေါက်မှာပါနော်။
ဝင်းနိုင်သောင်း
၀၇ ၀၂ ၂၀၁၉။

https://www.facebook.com/100028675064760/posts/177441736554994?sfns=mo
———————————————————————
ပုတ်သင်ဥ -၂
**********
ကျနော့်ကိုဘာလို့ ဘာမှတန်ဘိုးမရှိ
ဘာမှအထင်ကြီးစရာမရှိတဲ့ ဒီလူကြီးအကြောင်းကို
ရေးနေတာလဲ။
တချို့ကလည်း ကြားကဝင် ငြှောင့်မဲ့သူတွေ
ပျော်နေပါမယ်။ တစ်ပတ်စဉ်ထဲဆင်း
သူငယ်ချင်းအရင်းကြီးက ကျနော်နာသွားမှာဆိုးလို့
ဆက်မရေးပါနဲ့ဆိုပြီး ဖြောင်းဖြပါတယ်။
ကျနော်လည်းမရေးချင်ပါဘူး။ စိတ်ထဲအမှန်တိုင်း
ပြောရရင် ရေးရတာ တန်ကို မတန်ဘူးလို့ထင်ထား
တာပါ။
ဒါပေမဲ့ ထိုက်သင့်သလောက် သူ့အကြောင်းမရေးရင်
မသိတဲ့သူတွေက ဝေဝါးဝါးနဲ့ အမှားကို အမှန်ထင်
နေမဆိုးလို့ပါ။
အောက်မှာပါတဲ့သူ့စကားကိုသေချာဖတ်ကြည့်ပါ။
တစ်ရွာနဲ့တစ်ယောက်ဆိုတဲ့သဘော ပန်းမြိုင်လည်က
ဥယာဉ်မှုးထဲက ကျော်ဟိန်းလိုပေါ့။ ဟိုဟာက ရုပ်ရှင် ဇာတ်လမ်းထဲမှာမင်းသား နောက်ပိုင်းမှာဇာတ်ကို
ပြန်ဖြည်ပေးထားတယ်။ ဘာမှမဖြစ်ဘူး။
ဒီဟာက တစ်ဆုံးထည့်ထားတာ။
နောက်တစ်ချက်က လူကြီးတွေကို ထပ်သွေးခွဲပေးတာ
လို့မြင်တယ်။ မြန်မာတွေဟာ ခွင့်လွှတ်တတ်တဲ့စိတ် အခြေခံရှိတယ်။ ပြန်တည့်သွားရင်သူချွန်တွန်းခဲ့တာ
တွေ သူ့လုပ်ရပ်တွေပေါ်သွားပြီး သူဒုက္ခရောက်မှာ
စိုးလို့ ထပ်သွေးခွဲတာလို့မြင်တယ်။
ပြီးတော့ သေချာဖတ်ကြည့်ရင် ငါနဲ့မဆိုင်ဘူး။
လူကြီးတွေကြားမှာ သူဖာသာ သဟဇာတ
ဖြစ်အောင်မနေတာ သူကစ ကန့်လန့်တိုက်တာ
ဒါ့ကြောင့်ဖြစ်တာ
နောက်တစ်ချက်က ထောက်လှမ်းရေးတွေ
မကောင်းလို့ဖြစ်တာ ငါနဲ့ဘာဆိုင်လဲဆိုပြီး
ရှင်းချင်တာ။ ကိုယ်တိုင်ထောက်လှမ်းရေးမှာ
ဒုတိယတာဝန်အရှိဆုံးသူက ဒီလိုပြောသင့်သလား။
ကိုယ့်မှာရောထိမ်းဖို့တာဝန်မရှိတော့ဘူးလား။
ကိုယ်တိုင်ကရော စာရိတ္တကောင်းရဲ့လား။
တာဝန်အရှိဆုံးသူက ကြီးလေးတဲ့ နိုင်ငံ့တာဝန်
ထမ်းနေတဲ့အချိန် လက်အောက်ငယ်သားတွေကို
စည်းကမ်းတကျ တစ်ချက်လေးထိမ်းခဲ့ပါသလား။
ကိုယ်တိုင်က အသုံးချ ကိုယ်တိုင်စည်းကမ်း
ဖောက်ခဲ့တာတွေမရှိခဲ့ဘူးလား။
မေးရုံပဲမေးတာပါ။ ကိုယ်တိုင်ဖြေကြည့်ပေါ့ဗျာ။
ဒီချိန်မှာအမှန်တိုင်းဖွင့်ချတာပါလို့ဆိုမှာ
ဖြစ်တဲ့အတွက် ကျနော်ကလည်း ပိုမှန်သွားအောင်
အခြေနေမှန်ပိုသိသွားအောင် အခြေနေမှန်လေးတွေ
ဒါတွေကြောင့်ရေးဖြစ်တာလို့ဒီကနေအဖြေပေး
ပါတယ် မိတ်ဆွေများခင်ဗျာ။
လုပ်ငန်းတာဝန်နဲ့ပတ်သက်ပြီး သူအပြောခံရတာ
မှတ်မိတာတစ်ခုရှိတယ်။
မနေ့ကအဆက်လို့ပဲထားပါ။
ဒေါ်စုက ထပ်မေးတယ်။ နားထောင်ရုံ
သက်သက်လား တစ်ခြားတာဝန်ဘာရှိလဲဆိုတော့
ဒီလိုတော့လည်းမဟုတ်ပါဘူးကျနော်က
သည်းခြေထုတ်ထားရလို့ အမှတ်သည်းခြေတော့
မရှိဘူးလို့ဆိုတယ်။
ဒေါ်စုက ဒါဆိုခုဘာလုပ်နေသလဲဆိုတော့
ကျနော်က ပန်းချီဆွဲတယ် ဓါတ်ပုံရိုက်တယ်
တင်းနစ်ရိုက်တယ် အားရင် ဂေါက်ရိုက်တယ်ဆိုတော့
ဒေါ်စုက တိုင်းပြည်တွက်နစ်နာတာပေါ့။ဒီလောက်ရာထူးကြီးကြီး တပ်မတော်မှာပေးထားတာဆိုတော့
ဟဲဟဲကလွဲလို့ ဘာသံမှမထွက်တော့ဘူး။
ကျနော်တို့ကအသံသာကြားရတော့ မျက်နှာထား
ဘယ်လိုဖြစ်နေမလဲဆိုတာတော့ မမြင်လိုက်ရဘူး။
မြင်ချင်စမ်းလိုက်ပါဘိဗျာ။
ဝင်းနိုင်သောင်း
၀၈ ၀၃ ၂၀၁၉။
(U) Win Naing Thaung’s Facebook မှကူးယူဖော်ပြပါသည်