ကမ္ဘာနိုင်ငံရေးကစားကွက်ထဲက မြန်မာ
ICJ မှာ အမေစု သွားရင်ဆိုင်တုံးက ထူးခြား
ချက်တွေ အများကြီး ရှိခဲ့ပါတယ်
ဒီဆွေးနွေးချက်နဲ့ ပါတ်သက်တာ လေး ခုဘဲ
ရွေးချယ် သွားမှာပါ
*ပထမတချက်*က ၁၃. ၁၂ . ၂၀၁၉ ရက်
နယ်သာလန်မှာ အမေ့စု ကို သွားရောက်ဝန်းရံ
ကြတဲ့ မြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ
အမေ ပြောသွားတဲ့ စကားပါ
” လိုအပ်တဲ့ အချိန်မှာ အခုလို ဝန်းရံ ပေးကြတဲ့
အတွက် ကျေးဇူးတင်တယ် ” ဆိုတဲ့အပြင်
ကျေးဇူး ဆိုတဲ့ အဓိပ္ပါယ်ကိုပါ ပြောသွားခဲ့ပါတယ်
ကျေးဇူး ဆိုတဲ့စကားဟာ အမေစု ပြောခဲလွန်းတဲ့
စကားပါ ရင်ထဲက နှစ်နှစ်ကာကာ ပြောတာဆိုလို့
ဒီတကြိမ်ဘဲ ရှိမယ် လို့ ထင်ပါတယ်
အမေစု ဟာ အမှန်တရား သစ္စာသမားတယောက်
စိတ်ဓာတ်ခိုင်မာတဲ့သူ ယုံကြည်မှုလည်း အပြည့်
စံပြထိုက်သူတစ်ယောက်ဖြစ်ပါလျက်နဲ့
” လိုအပ်တဲ့ အချိန် ” လို့ သုံးသွားတာ စိတ်ပိုင်းဆိုင်
ရာ အင်အား နည်းသွားတယ်လို့ ယူဆမိပါတယ်
နှစ်ယောက်မရှိအောင် စိတ်ဓာတ် ခိုင်မာသူ
တယောက် စိတ်အင်အားနည်းသွားရလောက်အောင်
ရင်ဆိုင်ရတဲ့ အမှုက သိပ်ခက်လွန်းသလား လို့
မေးစရာ ဖြစ်လာတာပေါ့
တကယ်တမ်းရင်ဆိုင်ဖြေရှင်းတော့လည်း
တည်တည်ငြိမ်ငြိမ် လွယ်လွယ်ကူကူပါဘဲ
ဘာကများ သိပ်ကြောက်စရာ ကောင်းနေလဲ
နိုင်ငံအတော်များများမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့
သာမာန်အခြေအနေ တခုကို ပြစ်မှတ်ထား
ပြီး ရေးကြီးခွင်ကျယ် လုပ်လာတဲ့
ဂမ်ဘီယာနိုင်ငံရဲ့ စွတ်စွဲမှုနောက်မှာ
အင်အားကြီး နိုင်ငံတွေရဲ့ ကမ္ဘာ့စားခွက်လုနေတဲ့
ပြဿ နာကြီး ရှိနေတယ် ဆိုတာ သိနေခဲ့လို့ပါဘဲ
*****
*ဒုတိယ အချက်* အနေနဲ့ ၁၂ . ၁၂ . ၂၀၁၉ ရက်
ဂမ်ဘီဟာနိုင်ငံနဲ့ အတင်အခြေ လုပ်တဲ့နေ့က
ဦးသန့် အကြောင်းထည့်ပြောသွားတာပါ
စွတ်စွဲထားတဲ့ အချက်အလက်တွေနဲ့ ဦးသန့်
အကြောင်းက မသက်ဆိုင်ဘဲ ပါဝါ ထုတ်သုံး
ယုံ သက်သက် လုပ်ခဲ့သလား ?
ကလေးဆန်လွန်းနေတဲ့ အကွက်ကို အမေစု
လို ပုဂ္ဂိုလ်က သိက္ခာကျခံပြီး သုံးမှာ မဟုတ်ဘူး
သုံးခဲ့ရင်လည်း စွတ်စွဲချက်တွေကို ဘယ်လိုမှ
အထောက်အပံ့ မပြုနိုင်တာသေခြာတယ်
ဘာကြောင့်ထည့်ပြောသလည်းဆိုတာသိရအောင်
ဦးသန့် အကြောင်း အခြေခံလောက်
တော့ လေ့လာကြည့်ကြစို့
ကုလသမ္မဂအတွင်းရေး တာဝန်ကို မြန်မာပြည်က
ပန်းတနော်သား ဦးသန့် ထမ်းဆောင်နေတဲ့အချိန်
၁၉၇၄ ခုနှစ်လောက်မှာ ကျူ းဘားအရေးအခင်း
ဖြစ်ခဲ့တယ်
( ခုနှစ်သေခြာမမှတ်မိတဲ့အတွက် နားလည်ခွင့်
လွတ်ပေးစေလိုပါတယ်)
အမေရိကန် နဲ့ ဆိုဗီယက်ယူနီယံ(ရုရှ) တို့ စစ်
ရေးအရတင်းမာလာကြပြီး ဒုံးတွေနဲ့ ပြစ်ခတ်
တိုက်ခိုက်မဲ့ အခြေအနေမှာ ဦးသန့် ဝင်ရောက်
ဖြေရှင်းလို့ ပြေလည်ခဲ့ပါတယ်
တိုက်ခိုက်ဖြစ်ရင် အမေရိကန် အပါအဝင်
မိတ်ဖက်နိုင်ငံတွေနဲ့ ရုရှ အပါအဝင် မိတ်ဖက်
နိုင်ငံတွေပါ စစ်ပွဲမှာ ပါလာပြီး တတိယကမ္ဘာ
စစ် ဖြစ်ပြီဘဲ
ှ
ဒီအတွက် တကမ္ဘာလုံး စိုးရိမ်ပူပန်ခဲ့ရတဲ့ အပူ
မီးကို ဦးသန့် က ငြိမ်းသတ်ပေးနိုင်ခဲ့လို့
မသိသူမရှိသလောက် ဖြစ်ခဲ့ပါတယ်
်
Peace ဆိုတဲ့ စကားရပ်နဲ့ ☮️ အမှတ်အသား
ဟာ ဦးသန့် ကို ဂုဏ်ပြုခဲ့တဲ့ ကမ္ဘာ့မှတ်တမ်း
ဝင် သက်သေ တခုပါ
☮️အမှတ်အသားပါ တုတ်ချောင်းလေးနဲ့
ဖင်မှာ သုံးခု ခွဲထွက်ထားတာက ဒုံး ပုံသဏ္ဍန်
ဖြစ်ပြီး အဝိုင်းက တားဆီးကာကွယ်ခြင်း
ထိမ်းချုပ်လိုက်ခြင်း ဆိုတဲ့ သဘောပါ
ဦးသန့်အကြောင်း အမေစု ထည့်ပြောသွားတဲ့
ရည်ရွယ်ချက်က ဂမ်ဘီယာရဲ့စွတ်စွဲချက်အပေါ်
ရင်ဆိုင်ဖြေရှင်းနေရတာဟာ
အကြောင်းပြချက် သက်သက်ဖြစ်တယ်
ဒါကို သဘောမပေါက်ဘဲ ဆုံးဖြတ်ချက်
မှားယွင်းခဲ့ရင် တတိယကမ္ဘာစစ်ကြီး
ပေါ်ပေါက်လာနိုင်စရာ ရှိတယ် လို့ သတိပေး
လိုက်တာဘဲ ဖြစ်ပါတယ်
ဒါကြောင့်လည်း လျှောက်လဲချက်နဲ့ မတူတဲ့
အမှု ကို ပိတ်သိမ်းလိုက်ပါ ဆိုတဲ့အမိန့်ဆန်ဆန်
စကားကို ရဲရဲဝံ့ဝံ့ ပြောခဲ့တာဘဲ ဖြစ်ပါတယ်
အမေစု ပေးလိုက်တဲ့ massage ကို
တော်တော်များများနားမလည်ကြပေမဲ့
စောင့်ကြည့်နေတဲ့ သိန်းငှက်ကြီးအမေရိကန် နဲ့
လက်မည်းကြီး တရုပ်က ကောင်းကောင်း
သိကြပါတယ်
အလုပ်သဘောအရ ICJ က ကြားနာမှုအပေါ်
တရားစွဲဆိုသင့်/မသင့် ဆုံးဖြတ်ရမှာ ဖြစ်ပေမဲ့
တကယ် အလုပ် လုပ်ရမှာက အမေရိကန် နဲ့
တရုပ် ဘဲလို့ ပညာသားပါပါ ပြောသွားတာပါ
ဒါကြောင့်လည်း ICJ ရဲ့ ဆုံးဖြတ်ချက်က
အမေရိကန် နဲ့ တရုပ်ရဲ့ အနိုင်အရှုံ းသာဖြစ်တဲ့
အတွက် အဖြေ ဘယ်လိုထွက်ထွက်
” ပြည်သူနဲ့ အတူတူ ရင်ဆိုင်ကြမယ် ” ဆိုပြီး
အမေစု ပြောလာတာဟာ * တတိယမြောက်*
ထူးခြားတဲ့ စကားပါဘဲ
******
ဇန် ၃ ရက်မှာ အမေရိကန်က အီရန်စစ်ဦးစီးချုပ်
ကို ကွက်မျက်လိုက်တာ တကမ္ဘာလုံး ထိတ်လန့်
ပြီး တတိယ ကမ္ဘာစစ် ဖြစ်ပြီလားဆိုတဲ့ အသိနဲ့
စိုးရိမ်ကြရပြန်ပါတယ်
ဇန် ၄ ရက်နေ့မှာ မြန်မာ့လွတ်လပ်ရေးနေ့ကို
အကြောင်းပြပြီး မြန်မာနဲ့အတူ လက်တွဲမယ်ဆိုတဲ့
ကြေညာချက်ကို အမေရိကန်က ထုတ်ပြန်
လိုက်ပါတယ်
ဒီ ထုတ်ပြန်ချက်ဟာ တကယ်လိုအပ်နေတဲ့
ICJ ကြားနာမှု ရင်ဆိုင်နေချိန်မှာ မကြေညာဘဲ
အီရန် စစ်ဗိုလ်ချုပ်ကို ကွက်မျက်ပြီး နောက်
တရက်ဖြစ်တဲ့ လွတ်လပ်ရေးနေ့မှာမှ ကြေညာ
လိုက်တာဟာ တိုက်ဆိုင်မှု မဟုတ်ပါဘူး
အင်အားကြီး နှစ်နိုင်ငံ အားပြိုင်မှုအတွက်
အချက်အလက်တွေ အများကြီး ရှိပေမဲ့
မြန်မာဟာ အရေးကြီး အချက်တခု ဖြစ်နေတယ်
ဆိုတာ ထောက်ပြလိုက်တာပါဘဲ
အီရန် စစ်ဦးစီးမှူ းကို ကွက်မျက်ပြီး
မြန်မာကို လက်တွဲမယ်ဆိုတဲ့ အမေရိကန်ရဲ့
လုပ်ရပ်က ပြိုင်ဖက် တရုပ်ကြီးရဲ့
အဓိက အားနည်းချက်တွေကို နင်းချေပြပြီး
နားရွက် တံတွေးဆွတ်ပြလိုက်တာပါ
တရုပ်ကြီးရဲ့ တုန့်ပြန်ချက်ကတော့ ထိမ်းထိမ်း
သိမ်းသိမ်း လုပ်ကြဖို့ ဆိုတဲ့စကားပါဘဲ
ဒီစကားရဲ့ အကျိုးကတော့ ကြိုးတန်းပေါ်
လမ်းလျောက်ပြတဲ့ ကန်သမ္မတ ထျန့်စ် ကို
ပလ္လင်ပေါ် တင်ပေးလိုက်သလို အမေရိကန်
တနိုင်ငံလုံးနဲ့ နိုင်ငံအတော်များများရဲ့
ထောက်ခံမှုကို ရလိုက်တာပါဘဲ
အီရန်အနေနဲ့ လက်တုန့်ပြန်မယ် လို့
ပြောပေမဲ့ ဒီဇင်ဘာ ၂၀၁၉ မှာ ပူးတွဲစစ်ရေး
လေ့ကျင့်မှုတွေ လုပ်ခဲ့ကြတဲ့ ရုရှကလည်း
တုတ်တုတ်မလှုပ် တရုပ်ကြီးကလည်း
လေသံပျော့နဲ့ ဖြစ်တာကြောင့် စစ်ကြီးဖြစ်လာ
စရာအကြောင်း မမြင်
ဒါနဲ့တင် ပွဲပြီးပြီလား ဆိုရင် မပြီသေးပါ
အထိနာသွားတဲ့ တရုပ်က အားကိုးအားထား
ပြုရမဲ့ အရေးကြီးဆုံး အချက်တွေကို အမြန်ဆုံး
အကောင်အထည်ဖော်ဖို့ ပြင်ဆင်ရပါတော့မယ်
ယခုလအတွင်း မြန်မာကို လာဖုိ့စီစဉ်တယ်
ဆိုတာ မြန်မာဟာ အရေးကြီးဆုံးအချက်တွေ
ထဲက ထိပ်ဆုံးမှာ ရှိနေတယ်ဆိုတာ
ထုတ်ဖော်ပြသလိုက်ခြင်းပါ
ကမ္ဘာ့အရေးမှာ မြန်မာကို ထည့်သွင်း
ကစားခဲ့တဲ့ နောက်ကွယ်က လက်မည်းကြီး
ဆိုတာလည်း ဘူးပေါ်သလို ထင်ရှားသွားပါပြီ
ရခိုင်အရေးဟာ တရုပ်အတွက် အကြီးမားဆုံး
မျော်လင့်ချက် ဖြစ်တာကို သိနေခဲ့တဲ့အတွက်
အမေစု က ” နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက်
ICJ ကို ကိုယ်တိုင်သွားရောက်ရင်ဆိုင်မည် ”
ဆိုတဲ့ ခေါင်းစဉ်ကို သုံးခဲ့တာပါ
ဒါက ထူးခြားတဲ့ * စတုတ္ထမြောက်အချက် * ပါ
အမေစု ICJ မှာ ရင်ဆိုင်ပြီး ပြန်လာတဲ့နေ့
ဒီ ၁၄ ၂၀၁၉ ညနေ ၄း၅၅ ချိန်မှာ တင်ခဲ့တဲ့
ကျနော့်ရဲ့ post မှာ
ICJ ရဲ့ အဆုံးအဖြတ် မထွက်သေးပေမဲ့
အမေ နိုင်ပြီလို့ ရေးတင်ခဲ့ပါတယ်
ဘာကြောင့် နိုင်ပြီ ပြောရသလည်း ဆိုတာ
ကြုံရင် ရေးတင်ပါ့မယ်ဆိုတဲ့ ကတိအတိုင်း
အခု post နဲ့ သက်သေပြလိုက်ပါတယ်
ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း
ကျယ်ပြန့်တာနဲ့အညီ အချက်အလက်အများကြီး
ရှိပေမဲ့ ကျနော့်ရဲ့ တင်ပြချက်မှာ မြန်မာနိုင်ငံနဲ့ ပတ်
သက်တာကိုသာ ဦးစားပေးထားတာဖြစ်တဲ့
အကြောင်း ဝန်ခံပါတယ်
အနှစ်ချုပ်ကို ပြောရရင်
တရုပ် အထိနာ သွားတာနဲ့အတူ
မြန်မာပြည်တွင်းရေး မှာ လိုသလို ကစားနေတဲ့
ပါဝါ ပါကျဆင်းသွားတာဖြစ်ပါတယ်
ဒါ့ကြောင့် မပြီးပြတ်သေးတဲ့ ခြေဥ ပြင်ဆင်ရေး
နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက်
ကောင်းသောအရွေ့တခုအဖြစ် မြင်မိပါတယ်
s ĵ t
ဇန် ၅ ၂၀၂၀ပြည့်