ရှောင်မီမှ himo V1 စက်ဘီးသစ် မိတ်ဆက်
XIAOMI HIMO V1 is a mid-high-end electric bicycle that is introduced as a simple and practical option when moving around the city with a little help and faster. The general dimensions designed to occupy little space, is one of its main features. The Xiaomi Himo V1 is an electric-assisted bicycle thanks to a 250W engine…
Buy Xiaomi HIMO V1 Portable Folding Electric Moped Bicycle For Just $293.99 (Coupon Deal) — XiaomiToday
ရာသီဥတု အရမ်းပူနေပါသဖြင့် ကလေးမိဘများ အထူးသတိထားသင့်သော အချက်များ
သတိထားမိစေဖို့ ကလေးရှိသူများ ရာသီဥတု အရမ်းပူပါသည် မန်းလေး အပူချိန် 40-42` C ရှိပါသည် ရန်​ကုန်​ အပူချိန်​ 47° C ရှိ​နေပါပြီ ကလေးတွေ ဖျားကြသည် အပူချိန် 104-105` F ထိ ဖျားကြသည် အဖျားသိပ်ကြီးလျှင် တက်သွားနိုင်ပါသည် ကလေးဖျားလျှင် အေးသောနေရာမှာ ထားကြပါ အရိပ်ရသော နေရာမှာထားပါ Air con ခန်းတွင် ထားနိုင်ပါသည် ပန်ကာဖွင့်/ ပြတင်းတံခါးများ ဖွင့်ထားပါ အနွေးထည် မဝတ်ရ ဂျင်းသား အပူစများ မဝတ်ပေးရ ပွပွချောင်ချောင် ချည်ထည် စွပ်ကြယ်သား စပန့်သား အဝတ်များသာ ဝတ်ပေးပါ ရေပတ်တိုက်ပေးပါ ရေပတ်တိုက်လျှင် သဘက်စ ချည်ထည်စကို ရေဆွတ်၍ ကလေး၏ တစ်ကိုယ်လုံးကို တိုက်ပေးပါ ပတ်ထားပါ နဖူး ဂျိုင်းကြား ပေါင်ခြံကြား မကျန်အောင် ရေပတ်တိုက်ပေးပါ နဖူးပေါ်ပဲ ရေပတ်ဝတ် တင်ရုံဖြင့် အဖျား မကျပါ တစ်ကိုယ်လုံးတိုက်မှ အဖျားကျပါမည် ရေခဲရေ မသုံးရ (အဖျားပိုတက်တတ်သည်) ရိုးရိုးရေအေးအေးသာ သုံးပါ အဖျားကြီးသောကလေး ရေချိုးပေးလို့ ရပါသည် ရေချိုးလို့ မဖျားပါ ရေမချိုးမှ အပူကြီးပြီး ကလေးတက်သွားနိုင်ပါသည် အဖျားကျဆေး Paracetamol/ Biogesic တိုက်ပေး၍ရပါသည် Paracetamol ကို တိုက်ချင်သလောက် တိုက်၍မရပါ အချိုးအဆ မှန်မှန်တိုက်ရပါမည် နည်းတိုက်လျှင်အဖျားမကျနိုင်ပါ များတိုက်မိလျှင် Para ၏ ဘေးထွက်ဆိုးကျိုးမှာ အသည်းထိခိုက်တတ်ပါသည် Para ကို 15 mg/kg ဖြင့် 6 နာရီခြား အပူအရမ်းကြီးလျှင် 4 နာရီခြား တိုက်၍ရပါသည် (eg. body weight 8 kg ရှိသော ကလေးကို Para 120 mg အား 5 ml 4-6 times တစ်နေ့တာအတွက်တိုက်၍ရပါသည်) Para အများစုမှာ 120 mg ဖြစ်သည် 250 mg 150 mg ပါသောဆေးများလည်းရှိသည် ကလေးစအိုထဲသို့ အဖျားကျဆေးတောင့် Para suppositary လည်း ထည့်ပေးနိုင်ပါသည် ချွင်းချက်-သွေးဥမွှားနည်းနေသောကလေးများ Reduced Platelet count ဝမ်းလျှောနေသောကလေးများတွင် မထည့်ရပါ Para suppo သည်လည်း 120 mg / 250 mg အမျိုးမျိုးရှိပါသည် Para suppo ထည့်ထားပြီးလျှင် Para ထပ်ပြီး ချက်ချင်းမတိုက်ရပါ အနည်းဆုံး 4 နာရီခြားပြီးမှ တိုက်ရပါမည် ဖျားနေသော ကလေးအား မက်ကလောင် မဖောက်ရပါ စအိုဝတွင် မက်ကလောင်ဖောက်လျှင် သွေးဆိပ်ပြန့်၍ အသက်ဆုံးသည်အထိ ဖြစ်တတ်ပါသည် ရှားခြစ်တာလည်း မလုပ်ရပါ (အရေပြားကို ဇွန်း စတီးပြား သံပြားဖြင့် နီရဲနေအောင်ခြစ်ပစ်ခြင်း) ရှားခြစ်ခြင်းကြောင့် အရေပြားအောက်ရှိ သွေးကြောငယ်လေးများ ပေါက်သွားစေပါသည် အမှန်တကယ် အဖျားကျစေသောနည်းလမ်း မဟုတ်ပါ ဖျားနေသောကလေးအား အပူပါသော ရင်လူးဆေးများ မလိမ်းပါနှင့် အပူပိုတက်နိုင်သလို အရေပြားများ လန်သွားနိုင်ပါသည် လျှောလျှောလျူလျူ ဝင်လွယ်မည့် အစားအစာများကျွေးပေးပါ (ဆန်ပြုတ် ခေါက်ဆွဲပျော့ပျော့အရည်ဖျော် ကြက်ပေါင်းရည်) နို့စို့အရွယ်လေးများ အမေနို့ဆက်တိုက်ပေးပါ အဖျားတက်နေလျှင် ကလေးများမစားနိုင်ပါ ရေပတ်တိုက်ပြီး အဖျားကျဆေးတိုက်ပြီး အဖျားကျသွားချိန်တွင် အစားဝင်အောင်ကျွေးပေးပါ ကလေးများ အပူဒဏ် အန္တရာယ်မှ ကင်းဝေးကြပါစေ #credit via Htar Htar myint
လူ့ပတ်ဝန်းကျင်တွင် လိုက်နာသင့်သော လူ့ကျင့်ဝတ်များ…
❌ ဖုန်းမဖြေရင် ၂ခါထက်ပိုမခေါ်ပါနဲ့။ 
မိမိဖုန်းဖြေဖို့ထက်အရေးတကြီးလုပ်နေတယ်လို့မှတ်။ ကိုယ်ပြောချင်တဲ့အကြောင်းလေးစာပို့ထားလိုက်။
❌ ပိုက်ဆံချေးထားရင် နည်းများမဆိုပြန်ပေးပါ။ ပစ္စည်းငှားထားရင်လဲ အပ်တိုတစ်ချောင်းကအစ၊ ဘောပင်၊ စာအုပ်၊ ထီး အဆုံးအကုန်ပြန်ပေးပါ။ အကယ်၍ကိုယ်ဖျောက်လိုက်မိရင် မူလပစ္စည်းထက်တန်ဖိုးမနည်းတဲ့ဟာဝယ်ပေးပြီး ဆောရီးပြောပါ။
❌ ကြားမဖြတ်ပါနဲ့။ ဘာလုပ်လုပ်( အိမ်သာတက်, ကားမောင်းအစ)တန်းစီပါ။
❌ သူများမုန့်ဝယ်ကျွေးတာစားရင် ဈေးအကြီးဆုံးဟင်းလျာ/ စားစရာမမှာပါနဲ့။ ဖြစ်နိုင်ရင် ကျွေးမွေးဒကာခံသူကိုပဲသူ့စိတ်ကြိုက်မှာပါစေ။
❌ သူများဖြေဖို့အခက်တွေ့စေမဲ့မေးခွန်းတွေမမေးပါနဲ့။ “မယူကြသေးဘူးလား?” “လစာဘယ်လောက်ရလဲ? ” အစရှိသဖြင့်ပေါ့။
❌ ကိုယ့်နောက်ဝင်မဲ့သူရှိရင်တံခါးကိုဆွဲဖွင့်ပေးထားပါ။(သူတို့ဝင်လာနေရင်ပေါ့) အဲလိုပဲကိုယ်ဝင်လာတာမြင်လို့တံခါးဖွင့်ထားပေးနေသူကို ကျေးဇူးတင်ကြောင်းပြောပါ။
❌ သူငယ်ချင်းနဲ့တက္ကစီအတူပေါင်းစီးလို့ကျငွေသူရှင်းရင်နောက်တခါမဖြစ်မနေကိုယ်ရှင်းပါ။
❌သူတပါးရဲ့နိင်ငံရေးအမြင်သဘောထားကိုလေးစားပါ။ (နိုင်ငံရေးမှမဟုတ်ပါဘူး၊ ကိုယ်နဲ့သဘောထားချင်းမတူတာကိုလက်ခံပါ)
❌ အရေးတကြီးမှမဟုတ်ရင်ညကြီးမိုးချုပ်ဖုန်းမဆက်ပါနဲ့။
❌ သူများစကားပြောနေချိန်ကြားဖြတ်မပြောပါနဲ့။
❌ ကိုယ်စ နောက်လိုက်တာသူတပါးမကြိုက်ရင် ချက်ခြင်းရပ်ဆိုင်းပါ။ နောက်နောင်လဲအဲဒီလိုဘယ်တော့မှ မစနောက်ပါနဲ့။
❌ ကိုယ့်ကိုကူညီသူတိုင်း(အသေးအမွှားလေးကအစ)ကျေးဇူးတင်ကြောင်းပြောပါ။
❌ ချီးကျူးစရာရှိရင်လူရှေ့သူရှေ့ချီးမွမ်းပါ။ ဝေဖန်မှုကိုတော့နှစ်ကိုယ်ကြားမှာဝေဖန်ပါလေ။
❌ ကိုယ်ပြောနေတာကိုစိတ်ဝင်စားဟန်မပြရင်လေကုန်ခံပြီးဆက်မပြောပါနဲ့တော့။ သူစိတ်မဝင်စားတာကိုဘယ်လိုသိနိုင်လဲဆိုရင် ခပ်တိုတိုအဖြေပေးတာ၊ အကြည့်တွေတခြားဆီရောက်နေတာ၊ ကိုယ်နဲ့တဖြေးဖြေးဝေးသွားတာမျိုးတွေပေါ့။
❌ ဝိတ်အတတ်အကျနဲ့ပတ်သက်ပြီးဘယ်တော့မှမဝေဖန်မိပါစေနဲ့။ “ယူသိပ်မိုက်တယ်နော်” လို့သာပြောပါ၊ ဝိတ်နဲ့ပါတ်သတ်ပြီးသူတို့စပြောချင်ပြောပါလိမ့်မယ်။
❌ ခရီးရှည်မသွားခင်ရေချိုးသန့်စင်ပါ၊ ကိုယ့်ဘေးမှာထိုင်မိသူကျေးဇူးတင်ပါလိမ့်မယ်။ (အရမ်းပြင်းတဲ့ရေမွှေးဆွတ်တာမျိုးတော့ရှောင်ပါ) ကိုယ့်နှာခေါင်းနဲ့သူ့နှာခေါင်းမတူနိုင်ဘူးလေ။
❌ တယောက်ယောက်ကသူရဲ့ဖုန်းကနေ ဓာတ်ပုံပြရင် ပြတဲ့ပုံကလွဲပြီး အရှေ့အနောက်လှန်မကြည့်ပါနဲ့။ ဘာပုံတွေရှိနေမလဲဆိုတာမပြောနိုင်ဘူးလေနော်။
❌ ကိုယ့်အသိလုပ်ဖော်ကိုင်ဖက်က ဆရာဝန်သွားပြမယ်ဆိုရင် ဘာဖြစ်တာလဲ ဘာရောဂါလဲမမေးပါနဲ့။ “အစစအရာရာအဆင်ပြေပါစေ” လို့သာပြောပါ။ သူ့အခြေအနေသူပြောချင်မှပြောပါစေ။ သူမပြောချင်ရင် ကိုယ်လဲအတင်းမေးမြန်းရာမကျဘူးပေါ့။
❌ ကိုယ့်လက်အောက်ကသူတွေနဲ့ဆက်ဆံပါက ကိုယ့်အထက်ကလူတွေကိုဆက်ဆံတဲ့ပုံစံနဲ့မခြားဆက်ဆံပါ။ ကိုယ့်အောက်ကလူတွေကိုရိုင်းစိုင်းစွာဆက်ဆံတာအထင်ကြီးစရာမရှိဘူး။လူတန်းစားမခွဲခြားပဲတလေးတစားဆက်ဆံရင်သူများလဲကိုယ့်ကိုသတိထားမိလိမ့်မယ်။
❌ တယောက်ယောက်ကကိုယ့်ကိုစကားလာပြောနေချိန် ကိုယ်ကကိုယ့်ဖုန်းကိုပဲအာရုံစိုက်အကြည့်မပျက်တာဟာရိုင်းတယ်ဆိုတာထက်ဆိုးပါတယ်။
❌ အကြံဥာဏ်မတောင်းရင်မပေးပါနဲ့။
❌ အစီအစဉ်ဆွဲစရာ ဆွေးနွေးစရာတွေရှိရင် အဲဒီအစီအစဉ်မှာမပါသူရဲ့ရှေ့မှာမဆွေးနွေးမတိုင်ပင်ပါနဲ့။
❌ နားကြပ်တပ်ထားသူကိုစကားသွားမပြောပါနဲ့။ (သူများတောင်နားအေးပါးအေးနေချင်တာကို) သေရေးရှင်ရေးဆိုရင်တော့နားကြပ်ကြီးဆွဲဖြုတ်ပြီးသာအော်ပြောပါ
❌ ကိုယ့်ကိုစားစရာတခုခုလာကျွေးလို့ကိုယ်မစားချင်ရင် အစကတည်းက “No, thank you” လို့ယဉ်ယဉ်ကျေးကျေးငြင်းပါ။ စားကြည့်ပြီးမှ (မချိုမချဉ်မျက်နှာနဲ့) ငြင်းရင်ကျွေးတဲ့သူလဲစိတ်မကောင်းဖြစ်တာပေါ့။
❌ တယောက်ယောက်ကသူတို့ကျန်းမာရေး(ရောဂါ) အခြေအနေလာပြောရင် နားသာထောင်လိုက်ပါ။ ကိုယ့်(ရောဂါ)အကြောင်းအတင်းပြန်မပြောပါနဲ့။
❌ ကိုယ်အသိတယောက်ယောက်ကရုပ်ပိုင်းဆိုင်ရာသိသိသာသာပြောင်းလဲသွားရင် (အရမ်းဝ/ပိန်ကျသွားတာ, ခေါင်းပြောင်လာတာ, ဆိုးဆိုးရွားရွားဝက်ခြံပေါက်တာ အစရှိသဖြင့်ပေါ့လေ) သွားမဝေဖန်ပါနဲ့။ သင်မပြောလဲသူတို့ကိုယ်တိုင်သိပါတယ်။ သူတို့လိုလိုလားလားစပြောလာရင်တော့တမျိုးပေါ့နော်။
❌ ကိုယ်နဲ့မဆိုင်တဲ့ဟာဆိုရင်စပ်စပ်စုစုမနေပါနဲ့။
❌ သူများကား/ဆိုင်ကယ်ငှားစီးရင် ဆီအပြည့်ဖြည့်ပြီးမှပြန်ပေးပါ။
❌ ကိုယ့်ကိုပြုစေလိုတဲ့အတိုင်းသူတပါးကိုပြုပါဆိုတဲ့ ဆုံးမစကားအတိုင်းအမြဲသွားပါ။ အရိုးရှင်းဆုံးနဲ့အထိရောက်ဆုံးသောလမ်းပါပဲ။
❌ လူထူထပ်တဲ့နေရာတွေမှာဆေးလိပ်မသောက်ပါနဲ့။ အထူးသဖြင့် ကလေးငယ်တွေနဲ့ကိုယ်ဝန်သည်တွေအနားမှာရှိနေရင်လုံးဝမသောက်ပါနဲ့။
❌ ကိုယ့်အခန်းကလွဲရင် ဘယ်သူ့အခန်းပဲဖြစ်ဖြစ်မဝင်ခင်တံခါးခေါက်ပါ။ (နောင်တရစရာတွေရှောင်ပြီးသားဖြစ်ပါလိမ့်မယ်)
❌ အများသုံးယာဉ်စီးနေရင်စကားအကျယ်ကြီး/ဖုန်းအကျယ်ကြီးပြောတာတွေမလုပ်ပါနဲ့။ (တချို့နိုင်ငံတွေမှာBus Car ၊ရထားစီးနေချိန်ဖုန်းမပြောရဥပဒေရှိပါတယ်)
❌စုပေါင်းစည်းဝေးနေစဉ်မိမိဖုန်းသံကြောင့်
အနှောက်အယှက်မဖြစ်ပါစေနဲ့။
❌ကိုယ့်ဖုန်းမှာ missed call ဖြစ်ခဲ့ရင်ပြန်ခေါ်ပေးပါ။
❌ သူတပါးအသက်မွေးပညာကိုအလကားလုပ်ခိုင်းခြင်းရှောင်ကျဉ်ပါ။ (သူများအချိန်၊ငွေ၊ချွှေး တွေနဲ့ရင်းထားတာကိုလေးစားပါ)
စင်ကာပူအိမ်အကူ အမျိုးသမီး တစ်သောင်းတန်အတုကိစ္စ ကွင်းလုံးကျွတ်လွတ်
စင်ကာပူနိုင်ငံမှာ အိမ်အကူအလုပ်ရာ ကနေ ပြန်လာစဉ် မြန်မာငွေ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုတွေ လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးထားခြင်း ခံထားရသူ အမျိုးသမီးငယ်ကို ဧပြီ(၁၈)ရက်နေ့က ဒိုက်ဦးမြို့နယ်တရားရုံးက အမှုကို အပြီးအပြတ်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာမှာ နေထိုင်သူ နော်သောသွဲ့ထူးကို (၂၀၁၈)ခုနှစ် ဒီဇင်ဘာလ (၆) ရက်က ငွေစက္ကူ တစ်သောင်းတန်အတု (၁၅၄) ရွက် ကိုင်ဆောင် မှုကြောင့် ဒိုက်ဦးမြို့မ ရဲစခန်း(ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ /၁၀၆နဲ့ အမှုဖွင့် ဖမ်းဆီး အရေးယူခံရတာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး “ကျမတို့အနေနဲ့ လွန်ခဲ့တဲ့နာရီဝက်ကပဲ စွဲချက်မတင်ဘဲ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃(၁)အရ ဒီတရားခံကလေးမလေးမှာ အပြစ်မရှိကြောင်းပေါ်လွင်တဲ့အတွက် အမှုကနေ အပြီးအပြတ် လွှတ်လိုက်တယ်လို့” အကျိုးဆောင်ရှေ့နေဒေါ်အေးအေးမြင့်က အတည်ပြု ပြောဆိုခဲ့ပါတယ်။
နော်သောသွဲ့ထူးရဲ့အမှု အမှန်တရားအတိုင်းဖြစ်ပေါ်စေရေးအတွက် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းသားရေးရာဝန်ကြီးနဲ့ ဥပဒေ ပညာရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ဝန်းရံကူညီ အားပေးခဲ့ကြပါတယ်။
သတင်း — ဖြိုးကိုလင်း(ညောင်ဝိုင်း)
နှစ် ၃၀ ပြည့် ၀ တိုင်းရင်းသားငြိမ်းချမ်းရေး နှစ်ပါတ်လည်သို့ ဦးခင်ညွန့် ပေးပို့သော သ၀ဏ်လွှာ
ရှမ်းပြည်နယ် အရှေ့ပိုင်း ပန်ဆန်းမြို့တွင် ကျင်းပပြုလုပ်သော
UWSA နှစ် ၃၀ ပြည့် ” ဝ “တိုင်းရင်းသား ငြိမ်းချမ်းရေးနှစ်ပတ်လည် အခမ်းအနားသို့ ဗိုလ်ချုပ်ဟောင်းဦးခင်ညွန့် ပေးပို့သောသဝဏ်လွာကို ဦးစန်းပွင့်( ဗိုလ်မှူးကြီးအငြိမ်းစား ) မှ ဖတ်ကြားခဲ့ကြောင်း
လူဆိုးလူမိုက်ရန် ကာကွယ်သော စခန်းမှူးအား ပြည်သူများဝန်းရံ
သင်္ကြန်​ အတက်​​နေ့က ပတလ ရဲစခန်းပိုင်
ကျွန်း​တောအုပ်​စုတွင်​ ပြသနာဖြစ်​သွားသည်
………….
ဖြစ်​စဉ်​အကျဉ်းချုပ်​က​တော့
သင်္ကြန်​ အတက်​​နေ့က
ကျွန်း​တောအုပ်​စု အုပ်​ချုပ်​​ရေးမှူးမှ စခမထံ ဖုန်းဆက်
ကျွန်း​တောရွာ​နေ ဖိုးသဲဆိုသူသည်​ မူးယစ်​ရမ်းကားပြီးသူ၏​နေအိမ်​ကို မီးနှင့်​ ရှို့ သဖြင့်​ရပ်​ရွာက
ဝိုင်း၍ငြိမ်းသပ်​လိုက်​ရသည်
ပတ်​ဝန်းကျင်​ကိုလဲ ဓားကိုင်​ကြိမ်း​မောင်း​နေသည်
စခမ မှ တပ်​ကြပ်​ကြီးတစ်​ဦး ဦး​ဆောင်​​သော အင်​အား
၎ ဦးလွှတ်​လိုက်​သည်
ကျေးရွာ ဥက္ကဌ နှင့်​​ကျေးရွာလူကြီးများ အပါအဝင်
ရဲတပ်​ဖွဲ့မှ အဖမ်းခံရန်​ ​ပြောသည်
အိမ်​​ရှေ့ တံခါးဖွင့်​​ပေး​သော( တရားခံဖိုးသဲ၏ )ဇနီးကို
ဖိုးသဲမှ လည်​ပင်းကို ကိုင်းခုတ်​ဓားဖြင့်​ ၂ ချက်​ခုတ်
ပစ်​သည်​ ​နေရာတွင်​ပင်​​သေဆုးံသည်
ကျေးရွာအုပ်​ချုပ်​​ရေးမှူးမှ 
စခမ ကိုယ်​တိုင်​ ရဲအင်​အား၆ဦး 
ပတလမြို့ ရပ်​ကွက်​ကြီးများမှ အုပ်​ချုပ်​​ရေးမှူးများ
လူမှုကူညီ​ရေးအသင်းမှကားများအဖွဲ့ဝင်​များ
ပတလမြို့ ​ဆေးရုံအုပ်​ကြီးအပါအဝင်​အင်​အား
အပြည့်​အစုံဖြင့်​ ကျွန်း​တောရွာသို့သွားသည်
ရဲလုပ်​ထုးံလုပ်​နည်းများအတိုင်း အဖမ်းခံရန်
အော်​ဟစ်​အသိ​ပေးသည်
“အဆင်​သင့်​ဘဲ သတ္တိရှိတဲ့​ကောင်​ ဝင်​လာခဲ့”ဟု
တရားခံမှ ဆိုသည်
စခမ မှ ​သေနပ်​ ၃ ချက်​မိုး​ပေါ်​ထောင်​​ဖောက်​သည်
အဖမ်းခံရန်​ ဆက်​​အော်​သည်
ကျေးရွာ အုပ်​မှူးမှ တံခါး ​ဆောင့်​ကန်​ဝင်​သည်
ဓားနှင်းဆီးခုတ်​သည်​ ကံ​ကောင်း၍လွတ်​သည်
အုပ်​မှူး ​နောက်​အဆုတ်​ စခမှူး ဆက်​ဝင်​သည်
ဆီးခုတ်​သည်​ ခါး​အောက်​ပိုင်း ​သေနပ်​နှင့်​တချက်​ပစ်​သည်
ပေါင်​ကိုထိသည်
သွေးရှူး​သွေးတန်းဖြင့်​ စခမ ထံ ဓား​မြှောက်​ပြီးဆက်​ခုတ်​ရန်​ ​ပြေးဝင်​သည်
လူခြင်း တအားကပ်​သွားပြီး
စခန်းမှူးအ​နေဖြင့်​ မိမိအသက်​နှင့်​တခြားသူတို့အသက်​အန္တရာယ်​ကိုကာကွယ်​ရန်​ အခြားလမ်း​ရွေးစရာမရှိ​တော့
ခါး​အောက်​ကိုမှန်းပြီး​နောက်​တချက်​ပစ်​သည်
တရားခံဓားဖြင့်​ခုတ်​သူက ခါး​ကွေးပြီးကိုကိုင်း၍ခုတ်​သည်​ ကိုဟန်​အ​နေအထားပျက်​သွား​တော့
ရင်​အုံမှန်​သည်
ဖြစ်​စဉ်​နိဂုန်းချုပ်​​တော့
ဇနီး​နေရာတွင်​ ​သေဆုးံသည်
တရားခံဖိုးသဲ ​သေနပ်​ဒါဏ်​ရာဖြင့်​ ​ဆေးရုံတွင်​​သေဆုးံသည်
………..
စခန်းမှူး စုံခုံစစ်​​ဆေးခံရ​တော့မည်
ကျ​နော်​တို့ညီ kknw က စခမ ဘက်​မှ ဝိုင်းရံကြဖို့
လိုင်း​ပေါ်မှာ ​နိုး​ဆော်​သည်
ကျ​နော်​တို့အဖွဲ့ ဖုန်းနဲ့​ဆွေး​နွေးကြပြီး မနက်​ဖန်
ပတလ စခမ ကိုသွား​ရောက်​ဝိုင်းရံကြမည်​ဆုးံဖြတ်​သည်
………..
၁.ပြည်​မြို့နယ်​တည်​ငြိမ်​ သာယာ​ရေးအဖွဲ့
ဥက္ကဌ.. .. ကျ​နော်
တွင်း\မှူး …. ကို​ကျော်​ဆန်း
၂.မြန်​မာနိုင်​ငံရဲပရဟိတ တွင်း\မှူး..ကိုမျိုး​ဆွေဦး
၃.မှုခင်းရှု​ထောင့်​ပရဟိတ ဗဟိုအဖွဲ့ဝင်
… ဦး​အောင်​သန်းထွဋ်
…….ဦးကိုကိုနိုင်
၃ ဖွဲ့သွား​ရောက်​ပြီး စခန်းမှူးနှင့်​​တွေ့ ဆုံ
ဖြစ်​စဉ်​များ​မေးကာ
ရာဇသတ်​ကြီး အခန်း၎ ပုဒ်​မ ၈၁ အရ ခုခံခွင့်
ဖမ်းဆည်းခွင့်​ကို မိမိမှ စခမှူးအား​ထောက်​ပြ​ဆွေး​နွေး
စခမ မှလဲ ​ဖေါ်ပြပါ ဝန်​ထမ်းလုပ်​ပိုင်​ခွင့်​ ဥပ​ဒေကို
စာအုပ်​နှင့်​တစ်​ကွ ရှင်းပြ​ဆွေး​နွေးကာ
မိမိတို့လူမှု​ရေးအသင်းများက စခမှူးနဲ့အတူ ရပ်​တည်​ပါ​ကြောင်း ဝန်းရံပါ​ကြောင်း
မကြာမှီ statement များထုတ်​ပြန်​ကာ အများသိ
ကြေငြာမည်​ဖြစ်​ပါ​ကြောင်း လိုအပ်​ချက်​များရှိပါက
ဆက်​သွယ်​ရန်​ မိမိဖုန်းနံပတ်​​ပေး
စခမ မှလဲ မိမိတို့ကူညီမှုအတွက်​ဝမ်းသာအားရစွာသူ၏ ဖုန်းနံပတ်​​ပေး၍
ပြန်​ခဲ့ကြသည်
…………
တရားဓမ္မအရ
လူတစ်​ဦး​သေဆုးံခြင်းအ​ပေါ်ဝမ်းသာစရာမဟုတ်​ပါ
သို့​သော်​လဲ ​လောကီတွင်​ ရဲတပ်​ဖွဲ့ဝင်​တို့၌ 
ထိုက်​သင့်​​သော လုပ်​ပိုင်​ခွင့်​ ကာကွယ်​ခွင့်​ ဖမ်းဆည်းခွင့်တို့မရှိခဲ့လျှင်​ မြန်​မာပြည်​ကြီး
တရားဥပ​ဒေစိုးမိုးနိုင်​ပါဦးမလား?
မိမိတို့လက်​မခံ 
တည်​ဆဲဥပ​ဒေများအရ တုန့်​ပြန်​​ချေပ ကူညီရပါလိ့မ့်​မည်
………
.
ကျ​နော်​တို့အဖွဲ့ က တရားဥပ​ဒေစိုးမိုး​ရေးကို ကူညီဖို့
ဖွဲ့ထားတာပါ ….
°°°°°°°°°
မကြာမီ statement ထုတ်​ပြန်​ပါမည်
credit: aye lwin khaung facebook